8.

7K 521 5
                                    

Zawgyi...

"ခွန်းသစ်စ ငါမင်းကိုမျက်စိအတော်နောက်
လာပြီနော်...."

ဆေးလုံးရောင်စုံတွေကို စားပွဲပေါ်တင်ပြီး
ဟိုခွဲ၊ဒီခွဲလုပ်နေသည့် စည်သူကသတိစ
ကားပြောလာသည်အထိ သူ့ပုံစံကဂနာမ
ငြိမ်ဖြစ်နေသည်......

"စည်သူ မင်းပြောတော့ သူသက်သာသွား
ပြီဆို ဘာလို့ခုချိန်ထိနိုးမလာသေးတာလဲ"

လက်ဝါးနှစ်ဖက်ကိုမီးပွင့်မတက် ပွတ်တိုက်
ရင်း ထိုင်လိုက်ထလိုက်ဖြစ်နေသော ခွန်းသစ်စ
အား စည်သူ နည်းနည်းလေးမှအမြင်မကြည်တော့ပါ.....

"ဟ....ကလေးကအားနဲနေလို့ glucose
သွင်းပေးထားတယ်လေကွာ ဆေးအရှိန်နဲ့
အိပ်နေမှာပေါ့ ဘာလို့မင်းကအဲ့လောက်
တောင်စိတ်ပူနေတာလဲ မင်းရဲ့တိတ်တိတ်
ပုန်းသား ဖြစ်နေလို့လား...."

မဆိုင်တာတွေပြောနေသော အနှီသူငယ်
ချင်းအား နီးရာပစ္စည်းဖြင့်ကောက်ပေါက်
လိုက်ချင်ပေမဲ့၊စကားနဲလွန်းသော စည်သူ့
ထံမှ ထိုသို့စကားများကြားရပုံထောက်ရင် သူ့
ပုံစံက အတော့်ကို over ဖြစ်နေပုံပင်...

"ခွန်းသစ် မင်းဒီလောက်ထိ ဂနာမငြိမ်တာ
ငါတစ်ခါမှမတွေ့ဖူးဘူး...ဒီကောင်လေး
ကဘယ်သူလဲ...."

ခွန်းသစ်စ စည်သူ့ရဲ့အမေးမျက်လုံးများကို
ရှောင်ဖယ်နိုင်ရန် အလို့ဌာ ကောင်ငယ်လေး
လှဲလျောင်းနေသည့်အိပ်ယာဖြူလေးကိုကျော
ခိုင်းလျက်၊ ပြတင်းပေါက်မှတစ်ဆင့် ပင်လယ်
ပြင်မှ လှိုင်းကြက်ခွပ်လေးများကို အကြည့်ပို့
လိုက်မိသည်......

"ခွန်းသစ် မင်းငါ့ကိုမတိုင်ပင်ရင် ဘယ်သူ့
ကိုတိုင်ပင်မှာလဲ...."

ခွန်းသစ် သက်ပြင်းတစ်ချက်သာ ခပ်ကျယ်
ကျယ် ချလိုက်မိသည်......

"အချိန်တန်ရင် ငါမင်းကိုအရင်ဆုံးပြောပြ
မှာပါ စည်သူရာ..."

ထို့နောက် ပင်လယ်လေခပ်အေးအေးက
အခန်းတွင်းအေးစက်မှုကို အရှိန်တိုးစေ
ပြန်သည်.....

"အ..အင်း..."

ငြီးသံသဲ့သဲ့ကြောင့် သူရောစည်သူပါ
အိပ်ယာထက်က ကောင်ငယ်လေးထံ
အကြည့်ပြိုင်တူရောက်မိကြသည်......

Replace(completed)Where stories live. Discover now