31.

4.2K 292 12
                                    

Zawgyi.....

မတွေ့ချင်တဲ့လူကို လိုက်ရှာရတာ ပင်ပန်းတယ်တဲ့...
ပိုင်ဆိုင်ခွင့်မရှိတဲ့သူကို မျှော်လင့်ရတာလည်း
သေမလောက် ပင်ပန်းနာကျင်ရပါတယ်.....

ဒီကနေ့က အိမ်ကို ခွန်းသစ်စ ထမင်းစား
လာမည့်နေ့ဖြစ်သည်..
မနက်မိုးလင်းကတည်းက ပြင်ဆင်ကာ အ
သင့်ဖြစ်နေသူကတော့ အမှတ်မရှိသည့် အ
ရိပ်စစ် ပင်ဖြစ်သည်....

မနက်အစောကတည်းက ဆိုင်က အလုပ်
တွေကိုပင် စိတ်ချရတဲ့ အလုပ်သမား
လေးနဲ့ အပ်ခဲ့ပြီး အိမ်ကို စောစော ပြန်လာ
ခဲ့သည်.......

'အဓိပ္ပါယ် မရွိလိုက္တာ

အရိပ်စစ်, ကိုယ့်အကြောင်းကိုယ်တွေးကာ
ခပ်တိုးတိုး ရေရွတ်လျက် ခြံထဲသို့ လမ်း
ဆင်းလျောက်ရန် ထွက်လာခဲ့လိုက်သည်....

အကျနေရောင်က ခြံဝင်းထဲရှိ မြက်ခင်းပေါ်
သို့ အကွက်လိုက်၊အကွက်လိုက် ဖြာကျလို့
နေသည်.....

ဟင်း.....

ကြိုးစားမယ်ဆိုရင်တောင် ကျွန်တော့်
အနားကို ပြန်လာဖို့ မဖြစ်နိုင်တော့ဘူး
မဟုတ်လား....
အခုတော့ တစ်ကယ်မေ့ပြစ်လိုက်ချင်ပြီ

လူတစ်ယောက်ကို ချစ်ရတာ မပင်ပန်းပါဘူး
မဖြစ်နိုင်တဲ့လူကို ချစ်ရတာသာ ပင်ပန်းတာပါ

"စစ်........"

တစ်ချို့နှုတ်ထွက်စကားတွေက မထူးခြား
နားပါပဲ၊
နာကြားသူကို လွမ်းဆွတ်ငိုကြွေးစေနိုင်သည်..

လက်ဖဝါးဖြင့် ခပ်ဖွဖွဆုတ်ကိုင်ထားသည့်
မြက်ပင်လေးများကို အကြည့်ပို့ထားသည့်
မျက်ဝန်းအစုံကို အသံလာရာ အပေါ်ဖက်
သို့ အကြည့်ပို့လိုက်မိသည်....

"ကိုယ်ရောက်နေတာကြာပြီ...အတွေးလွန်
နေတာလား..."

ဟုတ်ပါရဲ့....ခင်ဗျားအကြောင်း စဉ်းစား
ရင် ကျွန်တော့်မှာ လောကကြီးတောင် မေ့
လျော့နေလို့ရယ်....

"အဆင်ပြေနေတယ် မဟုတ်လား...."

အရိပ်စစ် ခပ်ဖွဖွပြုံးကာ ခေါင်းပြန်ငုံ့လိုက်
သည်...
ခင်ဗျားကို ဆက်ကြည့်နေရင် ကျွန်တော်
ငိုမိလိမ့်မယ် ထင်တယ်...

Replace(completed)Where stories live. Discover now