11.

6.7K 497 4
                                    

Zawgyi....

မိုးနံ့သင်းသင်းရောယှက်လို့နေသည့် လေပြေ
တစ်ချို့ အင်းယားကန်ဘောင်ထက် ပြေးလွှား
သွားလာနေကြသည်....

မိုးစက်တစ်ချို့ ထိတွေ့ရိုက်ခတ်တိုင်း သော့သော့
ကလေးရေးရေးထင်သွားသည့် ကန်ရေပြင်ထက်၊ လှိုင်းကြက်ခွပ်လေးများ များစွာဖြစ်ထွန်း
လို့နေလေသည်......

ဟူး.......

မိုးနံ့တို့ရောပြွန်းနေသည့် မြေနံ့သင်းသင်းကို
တစ်ဝကြီး ရှူလိုက်ပြီးနောက် လေပူတစ်ချို့
ကိုပြန်လည်မှုတ်ထုတ်လိုက်မိသည်.......

လွမ်းလိုက်တာ...ကလေးရယ်.....

ကမ်းခြေမှာ ရက်အနည်းငယ်သာ ဆုံတွေ့ခွင့်ရ
ခဲ့သည့် ကောင်ငယ်လေးကို သူဒီလောက်ထိစွဲ
လမ်းသွားမိမယ်လို့ ဘယ်တုန်းကမှမတွေးမိခဲ့...

ကျောင်းပြီးကတည်းက အိမ်နဲ့အလုပ်သာ
ပြေးလွှားနေရသည့် သူ့အဖို့ အချစ်ဆိုတာ
ဂျိုနဲ့လားဟု မေးရမလိုပင်.....

အနီးအနားရောက်လာသည့် မိန်းကလေး
များကိုလည်း အလုပ်သဘောထက် ပိုကာ
သူဘယ်တုန်းကမှ မတွေးဘူးခဲ့......

ချောင်းသာကမ်းခြေက မိမိပိုင်ဆိုင်မှုထဲက
တစ်ခုဖြစ်သည့် ဟိုတယ်တွင် ပြသာနာ အနည်း
ငယ် ရှိသည်ဟု ဆိုခြင်းကြောင့် သွားဖြစ်ခဲ့
သည်......

ဟိုတယ်သွားသည့်လမ်းတစ်လျောက် ပြသာနာ
ဖြေရှင်းရန်သာစိတ်ကရှိနေတာကြောင့် သူစိတ်
တို့အတော့်ကိုရှုပ်နေခဲ့သည်.....

လမ်းတွင် ကားပျက်၍လမ်းကြုံလိုက်လို့သည့်
လူငယ်တစ်စုကိုလည်း လိုသည်ထက်ပို၍ သူ
မာကြောစွာ ဆက်ဆံခဲ့မိသည်......

ထိုအုပ်စုထဲက အသားဖြူဖြူနဲ့ခပ်ဆိုးဆိုး
ကောင်လေးသည် စတွေ့ကတဲက သူ့အာ
ရုံတို့ကိုဖမ်းစားထားခဲ့လေသည်......

ကားပေါ်တွင် ကွေးကွေးလေးအိပ်ပျော်
နေသည့် ကောင်လေးကို ကားမောင်း
ရင်းပင် အကြိမ်ကြိမ်သူခိုးကြည့်ခဲ့မိသည်...

အိပ်ပျော်နေရင်းပင် နှုတ်ခမ်းလေးအား
ဆူလိုက်၊ထော်လိုက်...နှုတ်ခမ်းလေးကို
တစ်ခါပြန်၍ လျှာနှင့်သတ်နေပြန်သည်...

Replace(completed)Where stories live. Discover now