40.

5.2K 297 6
                                    

Zawgyi....

မနေ့က မင်းကို ချစ်ခဲ့တယ်..
ဒီကနေ့လည်း မင်းကိုပဲ ပိုချစ်မိပြန်တယ်...
ဟော မနက်ဖြန်လည်း မင်းကိုပဲ ချစ်နေမိမှာပါပဲလေ....

စကားနည်းတဲ့ လူတစ်ယောက်က အချစ်နဲ့
လည်းတွေ့ရော စကားတွေများတက်လာတဲ့
အပြင်၊အတော်ကြီးကိုလည်း ချွဲတက်လာသတဲ့....

အနားက တစ်ဖဝါးမခွာပဲ တောက်တဲ့လို
ကပ်တွယ်နေပေမဲ့လည်း စိတ်မပျက်တဲ့
အပြင် အချစ်ခံရလို့ ကျွန်တော်က ပျော်ရွှင်
နေပါတယ်...

ဒုန်း....ဒုန်း

"အူကြူး....ထွက်လာတော့လေ ရေချိုးနေ
တာ အတော်ကြာပြီနော်..နေမကောင်းဖြစ်
လိမ့်မယ်....ထွက်ခဲ့တော့လာ လိမ္မာတယ်"

ခွန်းသစ်စရဲ့ ဆော်သြသံကြောင့် ၁နာရီနီး
ပါး ရေချိုးအပြီးမှာ ညဝတ်အင်္ကျီလေးပါ
လဲပြီးထွက်လာတဲ့ အရိပ်စစ် နှုတ်ခမ်းပါး
လေးတွေက ခရမ်းရောင် သန်းနေခဲ့ပြီ ဖြစ်
သည်....

"လာလာ...အေးနေပြီ မဟုတ်လား...အနွေး
ထည်ဝတ်ထား...အိပ်ယာပေါ်မှာ သွားထိုင်
ပြီး စောင်ခြုံထား ကိုယ် ချောကလတ် ပူပူလေး
သွားဖျော်ပေးမယ်...."

"ကော်ဖီ သောက်ချင်တယ်....."

အိပ်ယာထက်ကနေ စောင်ပုံထဲက မျက်နှာ
လေးပဲ ထွက်ကာလှမ်းအော်တဲ့ အရိပ်စစ် ကို
ခွန်းသစ်စက ခေါင်းခါပြလိုက်သည်.....

"မရဘူး...ညဖက်အိပ်မရဖြစ်လိမ့်မယ်.......
နို့လည်း မကြိုက်ဘူးဆိုတော့ ချောကလတ်
သောက် နေအုန်း...ကိုယ်အမြန်ပြန်လာခဲ့မယ်.."

"ကော်ဖီသောက်ချင်ပါတယ်ဆို ဟွန့်...."

ခပ်တိုးတိုးရေရွတ်ရင်း ဆူပုတ်ပုတ်ကျန်ရစ်
ခဲ့တဲ့ ကောင်ငယ်လေးကို ထားရစ်ကာ ခွန်း
သစ်စ ထွက်လာခဲ့သည်....

"အူကြူး...ကလေး ဘယ်ရောက်သွားတာ
လည်း...ဟာ အေးပါတယ်ဆို လသာဆောင်
မှာ ဘာထွက်လုပ်နေတာလည်း...."

စောင်လေးခြုံပြီး လသာဆောင်မှာ ထွက်ထိုင်
နေတဲ့ အရိပ်စစ် နားကို ကော်ဖီခွက်ကိုင်ကာ
ခွန်းသစ်စ ရောက်လာသည်...

"ထိုင်....ဟာ ဟိုမှာ ကြယ်ကြွေပြီ မြန်မြန်
မြန်မြန် ဆုတောင်း...."

Replace(completed)Where stories live. Discover now