19.

5.2K 385 8
                                    

Zawgyi...

"မလာဘူးလား....."

စစ်က မကျေမနပ်ရေရွတ်ပြီးတဲ့နောက်မှာ
စိတ်လျော့လိုက်ရတော့တယ်......

Taxiပေါ်ရောက်တဲ့အထိ စစ်ရဲ့ မျက်နှာက
ဆူပုတ်နေမိတုန်းဖြစ်သည်....

အဲ့ဒီနေ့ စစ်ရဲ့ ပေါင်ပေါ်မှာ အိပ်ပျော်
သွားပြီ ပြန်နိုးလာချိန်မှာ ပုံမှန်အနေ
အထားနဲ့ပဲ ပြန်သွားခဲ့တဲ့ ခွန်းသစ်စနဲ့
စစ်နဲ့ အဆက်အသွယ် ပျက်သွားခဲ့တာ
ဒီနေ့အချိန်အထိပါပဲ....

နောက်နေ့မနက်မှာ ဦးငယ်က ဘွားမေ
နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်နိုင်
ရန် လေယာဉ်လက်မှတ်စီစဉ်ပြီးပြီ ဆို
သောကြောင့် u.s ကို စစ်လည်း အလျင်အမြန်
လိုက်သွားခဲ့ရသည်.....

ဟိုရောက်တော့လည်း သစ္စာမိဘများက
ပညာရှိနည်းဖြင့် စစ် အား သဘောမကျ
ကြောင်းပြသည်မို့ ဘွားမေကိစ္စများပြီး
သည်နှင့် စစ် အမြန်ဆုံးပြန်လာဖြစ်ခဲ့သည်..

စစ်က ဟိုရောက်တော့ မအားတဲ့ကြားက
သူပြည်ပရောက်နေကြောင်း ခွန်းသစ်
စကို message ပို့ခဲ့သည် reply မလာ
သည့်အပြင် ပြန်လာတော့မည် ဖြစ်ကြောင်း
ပိုသည့်စာကိုလည်း အကြောင်းမပြန်ခဲ့ပါ....

"ကြီးပျိုရလည်း ပြန်မလာသေးဘူးလား
မသိဘူး....တစ်ကယ်ပါပဲ တစ်ယောက်
မှ အကျင့်မကောင်းကြဘူး...."

အိမ်တံခါးကိုခပ်ကြမ်းကြမ်းဆွဲဖွင့်ပြီး
Luggage ကို ဆောင့်ကန်လိုက်ကာ
ဆိုဖာထက်ပစ်လှဲလိုက်သည်....

ဂြီ......

"အာ...ဒီဗိုက်ကလည်း ၁၂ရာသီဆာနေ
တာပဲ...."

လေးပင်နေသော ခြေလှမ်းများကို သယ်
ကာ ထမင်းစားခန်းဘက် ဦးတည်လိုက်
သည်....ရေခဲသေတ္တာထဲ ရှင်းလင်းနေ
သည်ကြောင့် စစ်ရဲ့ နှာခေါင်းလေး တစ်ရှုံ့ရှုံ့
ဖြစ်လာသည်.....

ဂြီ.....

စစ်ရဲ့ ဗိုက်လေးက ထပ်မံ အချက်ပြနေသည်
ကြောင့် ရေခဲသေတ္တာရှေ့ထိုင်ချလိုက်တဲ့
စစ်ရဲ့ ပါးပြင်ထက် မျက်ရည်လေးများ စီးကျ
လို့လာသည်.....

"တစ်ယောက်မှ မကောင်းဘူး....ငါ့ကို
ပစ်ထားကြတယ်....အီးဟီး.....ဗိုက်ဆာ
တယ်လို့.....ကျက်သတုံးဗိုက်ကလည်း
ဘာလို့၁၂ရာသီ ဆာနေတာလဲ ပြော....
ငါ နင့်ကို မကျွေးတာလည်း မဟုတ်ပဲနဲ့
....နင်ပဲဆာတက်တာ မဟုတ်ဘူး.....ငါ
လည်းငိုတက်တယ်လို့....ဟင့်ဟင့်....
ဦးခွန်းရေ....ဦးခွန်းလို့...."

Replace(completed)Where stories live. Discover now