9.

6.9K 507 3
                                    

Zawgyi..

ကမ်းခြေတစ်လျောက် ဝေ့၀ဲတိုက်ခတ်လို့
နေသည့် ခပ်ကြမ်းကြမ်းလေတွေကြောင့်
ပဲ သူ့မျက်နှာထပ် စပ်ဖြင်းဖြင်းခံစားနေရ
သည်ဟု စစ် ရူးကြောင်ကြောင် တွေးလိုက်
မိသည်.......

"ခင်ဗျား ဆက်လိုက်နေအုန်းမှာလား"

မမြင်ချင်လို့ ရှောင်ပြေးနေပါသည် ဆိုသည့် လူအနောက်ကို ထပ်ကျပ်မခွာလိုက်နေသည့် ထိုလူအား အဆုံးမှာ အရှက်ထိန်း၍ လှည့်မေးလိုက်ရတော့သည်။ထိုသို့မေးသော်၊ခေါင်းငြိမ့်ပြပြန်သည်။
ဆက်လိုက်မည် ဆိုသည့်သဘော......

ငယ်ငယ်ကတည်းက ဆေးထိုးရမည်ကို
သေမလောက်ကြောက်သော စစ်ကအပ်
မြင်လျှင် အသည်းအသန် အော်ငိုတက်
သည်ဆိုသော အချက်ကို ပြည့်စုံတို့တောင်
သိသည်မဟုတ်.....

အခုတော့ ဒီလူကြီးရှေ့မှာ မျက်ရည်တွေ
ရော၊နှာရည်တွေပါရောသည်အထိ ရုပ်
ပျက်ဆင်းပျက် ငိုခဲ့မိတာ အငိုတိတ်မှရှက်
ရကောင်းမှန်းသိသည်.....

ထို့အပြင် စစ်ငိုနေတုန်းက သူ့ရင်ခွင်ထဲ
ဆွဲသွင်းကာ "အဆင်ပြေသွားမှာ ကလေး
ရယ်....အရမ်းမငိုနဲ့နော်" ဆိုတဲ့ ထိုစကား
နဲ့ချော့ခံခဲ့ရပြီးနောက် လုံးဝလုံးဝ တိတ်
သွားသော မိမိအဖြစ်ကိုရှက်သည်........

ထိုလူကြီးရဲ့ဆရာဝန် သူငယ်ချင်းက...
"မင်းတို့နှစ်ယောက်က ရည်းစားတွေလား"
ဆိုသော အမေးကိုမဖြေရှင်းပဲ အပျိုဖြန်း
လေးလို ပါးပြင်များနီလျက် ခေါင်းငုံ့၊
ရှက်နေမိသော ကိုယ့်ကိုယ်ကို ပြန်တွေးမိ
တိုင်း ပို၍ ထိုလူကြီးအား ရိုက်ချင်လှ
ပါသည်......

ဆေးသွင်းပြီး ထိုအခန်းထဲက အလျင်အမြန်
ထွက်လာကတည်းက အနောက်တွင်ပါလာ
သော ထိုလူကြီးသည်"စိတ်မချလို့"ဟူသော
အကြောင်းပြချက်နှင့် အခုထိလိုက်နေတုန်း
ဖြစ်သည်..

"ဒီမှာ....ကျွန်တော်လည်း ကောင်းသွားပြီ
မို့လို့ ပြန်ပါတော့ဗျာ...."

ယခုအခြေအနေကိုတွေ့လျင် မေးမြန်းကြ
မည့် သူငယ်ချင်းတစ်စု၏အကြောင်းကို
သိသည်မို့ စစ်က အတင်းသာပြန်လွှတ်နေမိ
သည်......

ခေါင်းငြိမ့်ပြသည်.....

ထို့နောက်အနောက်မှ လိုက်မြဲလိုက်ဆဲပင်.....

Replace(completed)Where stories live. Discover now