1. Beginning of the End

7.8K 325 15
                                    

(Unicode)



မှန်ရှေ့တွင် ပေါ်နေသည့် သူ့ပုံရိပ်ကို ကြည့်ကာ ပြုံးလိုက်မိသည်။ suitကို ပုံမှန်ထက်ပို၍ သပ်ရပ်စွာ ဝတ်ဆင်ထားမိသည့်အပြင် ခက်ထန်သည့် ပုံစံပင် ပေါ်နေသယောင်ယောင်။ ဆံပင်ကို ခါတိုင်းလို နဖူးပေါ်သို့ အုပ်ကျမနေစေဘဲ ဘေးကိုခွဲကာ ပိုပြီး ကြည့်ကောင်းစေရန် ပြင်လိုက်မိသည်။ သူ စိတ်လှုပ်ရှားနေသည်လား ရင်ခုန်မိနေသည်လား မဝေခွဲတတ်။

ကျေနပ်အားရသည်အထိ ကိုယ့်ကိုယ်ကို ပြင်ဆင်ပြီးသွားသော် အခန်းအပြင်သို့ထွက်ရန်ပြင်လိုက်စဉ် စားပွဲပေါ်တွင် တင်ထားသည့် စာအိတ်လေးက သူ့ကို လှောင်ပြနေသလိုပင်။ နာကျင်စေမည်မှန်း သိရက်နှင့်ပင် စားပွဲနားကို သွားလိုက်ကာ စာအိတ်ကို လက်လှမ်းလိုက်မိသည်။



Min Yoongi ❤ Lee Eunbi



စာအိတ်ပေါ်မှာ ရေးထိုးထားတဲ့ နာမည်နှစ်ခုကြောင့် ရင်ထဲမှာ လှပ်ခနဲခံစားလိုက်ရသည်ကို တမင်သက်သက်ပင် သူ လျစ်လျူရှုလိုက်မိသည်။ ဒီပွဲကို သွားဖို့ သူဒီလောက်တောင် ပြင်ဆင်နေခဲ့မိတာလား...။ မှန်ပေါ်တွင် အဝေးက ထင်ဟပ်နေသည့် သူ့ပုံရိပ်က သူ့ကိုပြန်ပြီး ခနဲ့တဲ့တဲ့ရယ်ပြနေသည်ဟုပင် သူတွေးမိသည်။ သက်ပြင်းကို အရှည်ကြီးရှိုက်သွင်းလိုက်ရင်း အနားက ထိုင်ခုံတွင် သူ ခံစားချက်မဲ့စွာ ထိုင်ချမိလိုက်သည်။ အဆုံးရှုံးခံဖို့အတွက် တကယ်အဆင်သင့် ဖြစ်နေခဲ့ပြီပေါ့လေ...။


"သူနဲ့တော့ မင်းပျော်ရမှာပါ..."


တစ်ယောက်ထဲ ပြောလိုက်မိသည့် စကားသံနဲ့အတူ စိတ်တို့က အရာအားလုံး အစပြုခဲ့သည့် အတိတ်ဟောင်းတို့ဆီ လွင့်ပျံလျက်...။





===============





တက္ကသိုလ်ကျောင်း ပထမနှစ်

-

ပထမဆုံးကျောင်းတက်ရသည့်နေ့ဖြစ်သည်။ အစောဆုံးရောက်လာသဖြင့် အတန်းထဲတွင် လူရှင်းနေသည်။ အတန်း၏ ရှေ့ဆုံးတန်းထောင့်နားတွင် ရွေးထိုင်လိုက်ပြီးနောက် အတန်းထဲသို့ တဖွဲဖွဲဝင်လာသည့် အတန်းဖော်များကိုသာ လိုက်ကြည့်နေမိသည်။ အချို့ကတော့ တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်နေကြသည်။ သူကတော့ တစ်ယောက်ထဲ ထိုင်လို့ကောင်းတုန်း။


"ငါ့နာမည် Kim Namjoonပါ... ဘေးမှာ ဝင်ထိုင်လို့ ရတယ်မလား"

When Rain Falls Down (Book 2) ✔ Where stories live. Discover now