2. I Dun Need Love

3K 222 9
                                    

(Unicode)


ဝီရိယရှိလွန်းသူတော့ မဟုတ်သော်လည်း ကျောင်းသို့ အစောဆုံးရောက်အောင်တော့ ဂျုံးဂုအမြဲလိုလို လာဖြစ်သည်။ ဒီနေ့လည်း တစ်ယောက်ထဲ စောနေသည့်အတူတူ ဂျုံးဂု လွယ်အိတ်ထဲမှ စာအုပ်ကို ထုတ်ကာ သဲကြီးမဲကြီး ဖတ်နေမိသည်။

သိပ်မကြာ အတန်းထဲသို့ လူများ တဖွဲဖွဲနဲ့ ဝင်လာကြသည်။ ကျောင်းတက်သည်မှာလည်း တစ်ပတ်လောက်နီးနီးရှိခဲ့ပြီဆိုတော့ အတန်းသူ အတန်းသားအချင်းချင်းလည်း ရင်းနှီးနေကြပြီ။ သူနဲ့ အွန်းဘီလည်း ခင်မင်စပြုနေပြီလေ...။


"Wowww... daebak... ကြိုးစားလှချည်လား"


ရှေ့တည့်တည့်မှ ထွက်ပေါ်လာသည့် အသံစူးစူးလေးကြောင့် မော့ကြည်လိုက်မိတော့ လီအွန်းဘီ။ အတန်းထဲသို့ ဝင်ဝင်လာခြင်း သူစာဖတ်နေသည်ကို မြင်၍ လာနောက်ခြင်းပင်။


"ကြိုးစားတယ်ရယ်လည်း မဟုတ်ပါဘူး... စိတ်ဝင်စားတဲ့ဟာမို့လို့"

"ဒီနေ့သင်မယ့် စာကို ကြိုဖတ်နေတာ ကြိုးစားတာ မဟုတ်လို့ ဘာတုန်း"

"သြော်... စိတ်ဝင်စားလို့ပါဆို"


သူ့စကားကြောင့် အွန်းဘီက သူ့ကို ပြီးတာပဲဆိုတဲ့ ရုပ်နဲ့ ပြောင်ပြပြီး သူမ နေရာကို သူမသွားထိုင်ကာ ဘေးပတ်ပတ်လည်က လူတွေနဲ့လည်း နှုတ်ဆက်လိုက်၊ ရယ်လိုက်နဲ့ လုပ်နေပြန်သည်။ အွန်းဘီသည် ပွင့်ပွင့်လင်းလင်းနေတတ်သောကြောင့် ခဏလေးနဲ့ အပေါင်းအသင်းတွေ ရလာတာမဆန်း။

ဂျုံးဂု ထူးခြားစွာ သူမ မျက်နှာလေးကို သဘောကျမိသည်။ မျက်နှာသွင်ပြင်ထက် အပြုအမူဟု ပြောလျှင် ပိုမှန်မည်။ ဘာကိုမှ ဟန်မဆောင်တတ်သော အမူအရာလေးများ၊ စကားပြောလျှင် ဒဲ့ကြီးပဲတစ်လိုင်းတွေ ပြောတတ်သော၊ စိတ်ထဲရှိတဲ့အတိုင်း လွတ်လပ်စွာ နေတတ်သော အွန်းဘီကဲ့သို့ မိန်းကလေးမျိုးသည် အခုခေတ်တွင် ရှားသည်ဟု ဆိုရမည်လေ။ နောက်ဆုံး ဂျုံးဂု သဘောအကျဆုံးအရာက အွန်းဘီရဲ့ မျက်နှာအမူအရာ..။ သူမရဲ့ စိတ်ခံစားချက်အကုန်လုံးသည် မျက်နှာပေါ်တွင် ဖတ်ရှုလို့ရသည်ဟု သူထင်မိသည်။

ပိုပိုသာသာလေးပြောရရင် အတွင်းစိတ်ရဲ့ ကြည်စင်မှုကို မျက်နှာလေးကတစ်ဆင့် အကုန်ထွင်းဖောက်ပြီး မြင်နေရတယ်ဆိုတာမျိုးပေါ့...။


"အတန်းစမယ်... ဒီနေ့ presentation အတွက် groupခွဲမယ် ပြောထားတယ်မလား"


ဂျုံးဂုအတွေးလွန်နေတာနဲ့ ဆရာမ ဘယ်အချိန်က ဝင်သွားမှန်းတောင် မသိလိုက်။ ဘေးက နမ်ဂျွန်း လက်ကုတ်ပြီး သတိပေးနေတာတောင် မသိ။ အသံကြားမှ စိတ်နဲ့ လူနဲ့ ပြန်ကပ်သွားသည်။


"ဒီမှာ နံပါတ်တွေ ရေးထားတယ်... တစ်ယောက်ကို တစ်လိပ်နှိုက်ပြီး နံပါတ်တူကျရင် အဲ့ဒါကိုယ့်အဖွဲ့ပဲ"


ဆရာမက အသင့်ပြင်လာသည့် မဲလိပ်များအား အတန်းထဲက သူတွေအကုန်လုံးကို လိုက်နှိုက်ခိုင်းသည်။ ဂျုံးဂု တစ်လိပ်ကို နှိုက်ပြီး ဖြည်ကြည့်လိုက်တော့ နံပါတ် သုံး...။ ဘေးက နမ်ဂျွန်းကလည်း သုံး သာကျသောကြောင့် သူတို့နှစ်ယောက်တစ်ဖွဲ့တည်းမှန်း သိလိုက်ရ၍ ပိုဝမ်းသာမိသည်။ များသောအားဖြင့် ဒီလို group projectတွေ၊ presentationတွေဆိုတာက လူခွဲပြီဆို အတူတူထိုင်ကြသော်လည်း အဖွဲ့ကွဲသွားကြတာ များတယ်လေ။


"ကိုယ့်နံပါတ်နဲ့ကိုယ် တူတူစုပြီးထိုင်မယ်... စာသင်ရင်း တစ်ခါတည်း presentationအတွက်ပါ လုပ်မှာမို့လို့"


ဆရာမရဲ့ ညွှန်ကြားချက်ဆုံးသည်နှင့် အကုန်လုံး နေရာတွေ ထပြောင်းကြတာ ဝရုန်းသုန်းကား... တစ်ယောက်ကျတဲ့ နံပါတ် တစ်ယောက်မေးရ၊ အဖွဲ့ရှာရနဲ့ အတန်းကြီးက ငါးမိနစ်လောက်တော့ ဆူညံသွားသည်။ တိုက်တိုက်ဆိုင်ဆိုင် အွန်းဘီနဲ့ သူနဲ့က တစ်ဖွဲ့တည်း...။

When Rain Falls Down (Book 2) ✔ Where stories live. Discover now