🌸 Thank You 🌸

1.3K 130 30
                                    

(Unicode)



Hello! Readernim 💜

ဒီတစ်ခါတော့ အွန်းဘီဇာတ်လမ်းလေး အမှန်တကယ်ပြီးသွားခဲ့ပြီပေါ့နော်။ Book 1 ကတည်းက ဖတ်ပေးကြတဲ့သူတွေရော၊ Book 2ကို သေချာဖတ်ရှုပေးတဲ့သူတွေရော အကုန်လုံးကို ဟာရုမိ ကျေးဇူးအများကြီးတင်ပါတယ်။

အားအစိုက်ခဲ့ရဆုံးဖြစ်ပေမယ့်လည်း ficကို အားမရခဲ့ရိုးအမှန်ပါ။ 1မှာ ပေါ့ပေါ့ပါးပါးနဲ့ရိုခဲ့ရသလောက် 2က အကွဲအပြဲဇာတ်ကို အကျယ်ချဲ့ရေးရတော့ ထင်သလောက် ခရီးကမပေါက်ဘူး။ အဆုံးသတ်ကို သိပြီးသားဇာတ်တစ်ခုကို စိတ်ဝင်စားအောင် ပြန်ရေးရတာ ဟာရုမိအတွက်တော့ တော်တော်ခက်တယ်ရယ်... ဇာတ်လမ်းက ဘောင်ခတ်ပြီးသားဖြစ်နေတော့ လွတ်လွတ်လပ်လပ်ရေးချင်တိုင်း ရေးလို့မရ၊ ရေးမရတော့ အတွေးကမထွက်၊ အတွေးမထွက်တော့ မရေးချင်နဲ့ မုန့်လုံးစက္ကူကပ်ပါလေရော...။ ရေးနေရင်းနဲ့ စဉ်းစားမတတ်တွေဖြစ်လာရင် 1က အခန်းတွေ သွားသွားeditပစ်ချင်တာ အရမ်းပဲ... ငါဘာလို့ ဒီလောက်ထိရှုပ်အောင်ရေးထားလဲဆိုပြီး 😂 စာရေးဖို့ မုဒ်မဝင်လို့ နားထောင်လိုက်ရတဲ့အဆွေးသီချင်းဆိုတာလည်း ပြောမနေနဲ့... လူသာ အfeelလွန်ပြီး မျက်ရည်ဘူးသီးလုံးလောက်ကျသွားတယ်... ficအတွက်ကျ ဘာအတွေးမှ မယ်မယ်ရရမထွက်တဲ့နေ့တွေက ပုံလို့ 😅

1တုန်းကတော့ followerမရှိ၊ ဘာမရှိနဲ့မို့ activeဖြစ်ဖြစ်နဲ့ စခဲ့သလောက် 2မှာ ဟာရုမိ updateမမှန်၊ ဘာမမှန်နဲ့ ပျက်ကွက်တာတော်တော်များပါတယ်..။ 2ကို unလိုက်ရင်ကောင်းမလားဆိုပြီးတောင် စဉ်းစားတာနော် (ဟာရုမိ စိတ်ပုတ်ဖို့ကြိုးစားခဲ့တာပြောပါတယ် 😁) ပြီးမှ ဇာတ်ကလည်းတစ်ဝက်မကကျိုးနေပြီ... စမိပြီးရင်တော့ ဆုံးတဲ့အထိရေးပေးရမှာ ကိုယ့်တာဝန်ပဲဆိုပြီး ရေးလာလိုက်တာ ဇာတ်တောင်သိမ်းသွားပြီ ။

စရေးတုန်းကတော့ jungkookအကြောင်း သေချာရှင်းသင့်တယ်ပေါ့... ပြီးမှ ကိုယ့်ဇာတ်ကိုယ်မနိုင်တွေဖြစ်၊ အကြံကမထွက်... ဒီficကြောင့် 1ရဲ့အရသာတွေပါပျက်ကုန်မှာစိုးရနဲ့ ဟာရုမိတော်တော်တော့ဗျာများခဲ့ပါတယ်...။ 1နဲ့2ကိုလည်း နှစ်ခုအဆီအငေါ်မတည့်မှာစိုးလို့ မရမကတွေ အတင်းလိုက်ချိတ်ထားရတာ... ဒါတောင် အချို့အပိုင်းတွေမှာ ဟာသွားတာတွေတပုံကြီးပဲ 😭 တချို့အခန်းတွေဆိုရင်လည်း အရမ်းရှည်ပြီး ဖတ်ရတာအီသွားမှာစိုးလို့ ချန်ပစ်ခဲ့ရတာတွေရှိပါတယ်၊ အဲ့ဒီအတွက်လည်း ဟာရုမိကို နားလည်ပေးစေချင်ပါတယ်နော်၊ ဒီကြားထဲ အသစ်ကလည်းရေးချင်တော့ fic တစ်ခုထက်ပိုရင် မနိုင်မှန်း ကိုယ့်အကြောင်းကိုယ်သိသိရက်နဲ့ သွားယွလိုက်တာ အကုန်လုံး updateတွေကျဲ 😁

When Rain Falls Down (Book 2) ✔ Where stories live. Discover now