9. Just Friend or Best Friend?

1.3K 150 22
                                    

(Unicode)



တစ်ခါတစ်လေကျတော့လည်း ချစ်ခြင်းဆိုတာ တစ်ယောက်မရှိဘဲ တစ်ယောက် ဘယ်သူကပိုနေနိုင်မလဲဟု စမ်းသပ်ခြင်းလည်း ဖြစ်နေတတ်သည်။ ချစ်ခြင်းလို့ သုံးနှုန်းရလောက်သည်အထိ သူမကို သူမှမချစ်ဘဲ... သဘောကျတာဟု ဂျုံးဂု ပြန်ပြင်တွေးလိုက်သည်။ ဒီနေ့နဲ့ဆို အွန်းဘီအပေါ် ခပ်တန်းတန်းပြန်နေခဲ့ခြင်းမှာ သုံးရက်မြောက်။ ဒီအတိုင်းသာဆက်သွားရင်တော့ အရာရာသည် အစကအတိုင်းပြန်ဖြစ်သွားတော့မည်။ ကိစ္စတော့မရှိ၊ သူ့မှာလည်း သူ့အစီအစဉ်နဲ့သူ ရှိပြီးသားဆိုတော့...။


"ဂျုံးဂု... ငါတို့ ဒီနေ့ညနေအကင်သွားစားရအောင် လိုက်ခဲ့ကွာ"

"ဘယ်သူတွေပါသေးလဲ"

"အတန်းထဲကကောင်တွေချည်းပဲ၊ မိန်းကလေးမပါ... ဒီနေ့ယောက်ျားလေးသီးသန့်ဝိုင်းထောင်မယ်"


ဂျုံးဂု နှစ်ခါပြန်ပင် စဉ်းစားမနေတော့။ appaလည်း အလုပ်ရှိရာ ဂျပန်ကိုပြန်သွားပြီဆိုတော့ သူ့အတွက် freedomပဲမလား။ ဂင်မင်ဂျွန်းပြောတာပင် နောက်ကျနေသေးသည်ဆိုသည့်နှယ်။


"လိုက်မယ်ကွာ... ဟိုကောင် နမ်ဂျွန်းရော"

"မလိုက်ဘူးတဲ့... libraryမှာပဲ စာသွားလုပ်မယ်ဆိုလား"

"ဘဝရဲ့အနှစ်သာရလေးဘာလေး ခံစားမယ်မရှိဘူး... အားနေစာပဲလုပ်နေတယ်"

"နောက်ဆုံးတော့ ဂျုံးဂု မင်းတောင် ဒီလိုတွေပြောလာပြီ"


ဂင်မင်ဂျွန်းက ဂျုံးဂု ပုခုံးကိုဖက်ရင်း ဟက်ဟက်ပက်ပက်ရယ်သည်။ ဂင်မင်ဂျွန်းနှင့် ဂင်နမ်ဂျွန်းမှာ နာမည်တစ်လုံးသာကွာသော်လည်း သိပ်အစေးမကပ်ကြ။ နမ်ဂျွန်းက စာမှစာလိုင်း၊ ဟိုက ပုံမှန်ပေါ့ပေါ့ပါးပါးသမား၊ နှစ်ယောက်လုံးမှာတူသည့်အချက်ဆိုလို့ ဂျုံးဂုကို ခင်နေကြခြင်းတစ်ခုသာရှိသည်။ ဂျုံးဂုကလည်း အပျော်အပါးဆို မင်ဂျွန်းနဲ့တွဲပြီး စာကိစ္စဆို နမ်ဂျွန်းဆီ ပြေးသည်လေ။

အတန်းဆင်းသည်နှင့် ဝိုင်းထောင်မည့်သူတွေစုကာ သူတို့ဆုံရန် စီစဉ်ထားသည့် စားသောက်ဆိုင်သို့ တန်းတန်မတ်မတ်ပင် သွားကြသည်။ ယောက်ျားလေး ခြောက်ယောက်သွားကြသည်မို့ အစားအသောက်လည်းကောင်း၊ စျေးလည်းတန်သည့်ဆိုင်ကိုသာ ရွေးထားကြသည်။ ဆိုဂျူအလုံအလောက်မှာပြီးနှင့် ဝိုင်းကိုစဖွင့်လိုက်တော့သည်။


"မင်ဂျွန်း မင်းအတွေ့အကြုံလေးတွေ shareစမ်းပါဦး... ဂျယ်ဟီးကို ဘယ်လိုရအောင်လိုက်ခဲ့လဲဆိုတဲ့အကြောင်းလေး"

When Rain Falls Down (Book 2) ✔ Where stories live. Discover now