5. Closer

1.5K 179 14
                                    

(Unicode)

စိတ်ထဲရှိသည့်အတိုင်း အွန်းယန်းနှင့်အဆက်အသွယ်ဖြတ်ခဲ့ပြီးသကာလ သူမတော့ ဘယ်လိုခံစားရမယ်မသိ။ ဂျုံးဂုကတော့ စိတ်ထဲပေါ့ပါးလျက်ရှိသည်။ သို့သော်လည်း တစ်ခါတစ်ရံ ဖုန်း၏ နိုတီဘားတွင် တက်နေလေ့ရှိသော reject listထဲမှ အွန်းယန်း၏ ဖုန်းခေါ်ဆိုမှုအကြိမ်ရေများကို မြင်ရလျှင် အားနာခြင်းနှင့် စိတ်မကောင်းခြင်းတို့ လွန်ဆွဲရပြန်သည်။


"သား ထမင်းစားလေ... ဘာလို့ ငိုင်နေတာလဲ"

"ဘာမှမဟုတ်ပါဘူး၊ ကျောင်းမှာ စာလုပ်စရာတစ်ခုကျန်သေးတာ သတိရသွားလို့... အဲ့ဒါကြောင့်"


ဖခင်ဖြစ်သူ၏အမေးကို ခွန်းတုံ့ပြန်လိုက်ရင်း ထမင်းလုတ်ကို ပါးစပ်ထဲ မြန်မြန်သွင်းလိုက်မိသည်။ ရှင်းသင့်သည်ထင်သော ကိစ္စများကို ရှင်းပြီးပြီဖြစ်၍ ဤသို့ စိတ်ထဲတွင် လေးလံပြီး မနေသင့်ဟု ကိုယ့်ကိုယ်ကို နှစ်သိမ့်လိုက်သည်။ ဂျုံးဂု ထမင်းကို မြန်မြန်စားပြီးသည်နှင့် အခန်းထဲသို့ ထသွားရန် ပြင်လိုက်မိသည်။


"သား နေဦးလေ... ကူသိမ်းပေးသွားဦး"

"အာ... ဟုတ်သားပဲ။ ခုနက စာလုပ်စရာ ရှိတယ်ဆိုပြီး လောနေတာနဲ့ မေ့သွားတယ်"


ကျန်သည့်အချိန်တော့ နေချင်သလိုနေလို့ ရပေမယ့် သူ့အဖေရှိနေသည့်အချိန်တော့ အိမ်တွင် စည်းကမ်းတင်းကျပ်မှန်း သူမေ့သွားသည်။ ထမင်းဝိုင်းတွင် အကုန်ကူညီသိမ်းဆည်းပြီးနောက် ကျန်သည့်သူများက TVရှေ့တွင် နေရာယူကြလျက်။ ဂျုံးဂုကတော့ အပေါ်ထပ်ရှိ သူ့အခန်းဆီသို့သာ တန်းတန်းမတ်မတ်သွားလိုက်တော့သည်။

အခန်းထဲရှိ စားပွဲပေါ်တွင် တင်ခဲ့သည့် ဖုန်းတွင် missed callပေါင်းများစွာဖြင့်...။ ဒီတစ်ခါတော့ အွန်းယန်းဆီက မဟုတ်တော့။ နမ်ဂျွန်းနှင့် အွန်းဘီဆီက။ နမ်ဂျွန်းက ငါးခါဆက်ထားပြီး အွန်းဘီက နှစ်ခါ။ ထူးထူးခြားခြား အွန်းဘီနာမည်ဖြင့် msgပါ ဝင်နေသဖြင့် သူအမြန်ဖွင့်ကြည့်လိုက်မိသည်။


(မနက်ဖြန် ကျောင်းပြီးရင် presentationအတွက် ဆုံကြမယ်တဲ့...။ နင်ဖုန်းမကိုင်လို့ နမ်ဂျွန်းက ပြောပေးပါဆိုလို့)


Msgကို ဖတ်ရင်း သူခပ်ယောင်ယောင်လေး ပြုံးလိုက်မိသည်။ ဒါ အွန်းဘီဆီမှ ပထမဆုံးရဖူးသော msg...။ အပေါင်းအသင်းနည်းသည့်အပြင် ဘယ်သူနဲ့မှ လိုတာထက်ပိုပြီး အခေါ်အပြောသိပ်မလုပ်ဘဲ ဘာသိဘာသာနေတတ်သည့်မိန်းကလေးက ဒီလိုကျ ကူညီချင်စိတ်ရှိသားဟုပင် တွေးလိုက်မိသည်။

When Rain Falls Down (Book 2) ✔ Onde histórias criam vida. Descubra agora