6. Attachment

1.4K 166 4
                                    

(Unicode)



သူငယ်ချင်းဟူသည့်အခြေအနေသည် မိန်းကလေးနှင့် ယောကျ်ားလေးကြားတွင်ရှိသည့် နောက်ထပ်အဆင့်များစွာ မတက်လှမ်းခင် ပထမဆုံးခြေလှမ်းတစ်ခုအဖြစ် ဂျုံးဂု ယူဆသည်။ ယခုအနေအထားအရ သူ ထိုပထမအဆင့်ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပြီဟုတော့ မှတ်ယူထားသည်။ အွန်းဘီထံမှ သာမန်ကာလျှံကာ ခင်မင်မှုဆိုသည်ထက် ပိုလေးနက်နွေးထွေးသောရင်းနှီးသည့်အခြေအနေတစ်ခုကို သူဖန်တီးနိုင်ခဲ့ပြီလေ။

ဘတ်စ်ကားဂိတ်တွင် အတူတူစောင့်ပေးပြီးသည့်နောက်ပိုင်း သူမ၏ ပြောဆိုဆက်ဆံမှုများသည် မိမိအား သူငယ်ချင်းတစ်ယောက်အဖြစ်လက်ခံလိုက်သည်ဟု တရားဝင်အသိအမှတ်ပြုလိုက်သည့်နှယ် မေးထူးခေါ်ပြောအဆင့်မှ ကျော်လွန်ကာ ဖော်ဖော်ရွေရွေစကားပြောသည့်အတိုင်းအတာတစ်ခုအထိ ရောက်လာပြီ။ ဒါဆို နောက်ထပ်ခြေလှမ်းတစ်ခုကို ဘယ်လိုဆက်လှမ်းမလဲ...။


"ဒီအတန်းမှာ အတန်းခေါင်းဆောင် မရွေးရသေးဘူးလို့ကြားတယ်"

"Nae..."


ထွက်ပေါ်သည့် ဆရာမ၏မေးခွန်းအပေါ် သံပြိုင်အဖြေပေးလိုက်သည့်ကျောင်းသားများ။ ခေါင်းထဲ တိန်ခနဲဝင်လာသည့် အကြံတစ်ခုနှင့်အတူ ဂျုံးဂု ဘေးမှာထိုင်နေသည့် နမ်ဂျွန်းမမြင်အောင်ပင် ကျိတ်ပြုံးလိုက်မိသည်။


"ထုံးစံအတိုင်း ယောကျ်ားလေးတစ်ယောက်၊ မိန်းကလေးတစ်ယောက်... တစ်ခန်းလုံးနဲ့ အဆင်ပြေလောက်တဲ့သူကို ရွေးလိုက်ကြ"


ကံတရားက ဖန်တီးပေးသည့်အခွင့်အလမ်းထက် အခြေအနေအချိန်အခါပေါ်မူတည်၍ ဖြတ်ထိုးဉာဏ်သုံးကာ ကိုယ့်အတွက် အခွင့်အရေးဖြစ်အောင်လုပ်ယူရသည်မှာ ပိုစိတ်ဝင်စားစရာကောင်းသည်။ ထို့ကြောင့် အခြေအနေကပေးလာသည့်အရာကို အသုံးချကာ နောက်တစ်ဆင့်မတက်ခင် အင်မတန်ရိုးရှင်းသော ဂွင်လေးတစ်ခုကို သူရအောင်ဖန်ရန်စဉ်းစားမိသည်။


"Sam... ECနေရာက volunteerလုပ်လို့ကော ရတယ်မလား"

"အံမယ်... ဂျုံးဂုက ECလုပ်မလို့လား"

"Nae sam... ကျတော် လုပ်ကြည့်ချင်လို့"

"လုပ်ချင်တဲ့သူပေါ်လာတော့လည်း တခြားသူတွေ စိတ်ချမ်းသာတာပေါ့"


ဆရာမ၏ စကားကြောင့် တစ်ခန်းလုံး ရယ်သံတွေ ဖုံးလွှမ်းသွားသည်။ အတန်းခေါင်းဆောင်ဟူသောနေရာသည် တော်ရုံလူမလုပ်ချင်။ လူအများနှင့် စကားပြောရသည့်အပြင် တစ်ခါတစ်ရံ ကျောင်းနှင့်ပတ်သက်သည့်ကိစ္စများကို ဦးဆောင်စီစဉ်ရသည်များ ရှိသောကြောင့် ရှောင်ချင်ကြသည်လေ။


"ဒါဆို ဂျုံးဂုကပဲ ကိုယ်နဲ့ပြောလို့ဆိုလို့ အဆင်ပြေမယ်ထင်တဲ့ မိန်းကလေးကို ECပြန်ရွေးလိုက်"

When Rain Falls Down (Book 2) ✔ Tahanan ng mga kuwento. Tumuklas ngayon