11. Unexpected

1.1K 146 6
                                    

(Unicode)



ဂျုံးဂု သူ၏မူပိုင်နေရာဖြစ်သော တံခါးပေါက်ဘေးရှိခုံတွင်ထိုင်ရင်း အွန်းဘီအလာကိုမျှော်နေမိသည်။ သူမကတော့ ပုံမှန်အချိန်အတိုင်းသာ လာနေခြင်းဖြစ်သော်လည်း သူကစောင့်နေသူဖြစ်သောကြောင့် ပိုကြာနေသလိုပင်။ သို့သော် သိပ်အကြာကြီးတော့မစောင့်လိုက်ရ... မအီမသာဖြစ်နေသည့်ရုပ်ဖြင့် ကော်ရစ်တာပေါ်လျှောက်လာသည့် အွန်းဘီကို တွေ့လိုက်သည်။ အွန်းဘီအတန်းထဲကွေ့ဝင်လာသည့်အချိန်တွင် သူမ၏လွယ်အိတ်ကြိုးကို အမိအရဖမ်းဆွဲလိုက်တော့ သူမက ပေစောင်းစောင်းရုပ်ဖြင့် လှည့်ကြည့်လာသည်။


"ဘာလဲ"

"ဒီနေ့ ဒီမှာထိုင်"


ဂျုံးဂု သူ့ဘေးတွင် လွတ်နေသည့်နမ်ဂျွန်းနေရာကို လက်ဖြင့်ပုတ်ပြကာ ပြောလိုက်သည်။ အွန်းဘီကတော့ သူ့ကိုအူလည်လည်ဖြင့်ကြည့်နေစဲပင်။


"နမ်ဂျွန်းနေရာကြီးကို ငါကဘာလို့ထိုင်ရမှာလဲ"

"သူမလာဘူးဆိုလို့"


အွန်းဘီက စိတ်မဖြောင့်တဲ့ရုပ်လေးနဲ့ ဂျယ်ဟီးထိုင်နေသည့်နေရာကို လှမ်းကြည့်နေသည်။ ပြီးနောက် ဝေခွဲမရသေးသည့်ပုံစုံဖြင့် ဂျုံးဂုကို တစ်ခေါက်ပြန်ကြည့်သည်။


"ငါ့ကို ဂျယ်ဟီးစိတ်ဆိုးသွားဦးမယ်"

"မဆိုးပါဘူး... လာထိုင်ပါ၊ ငါတစ်ယောက်ထဲဖြစ်နေလို့ဟာ"
 

နေရာပြောင်းမထိုင်ခင် အွန်းဘီ အတန်းထဲကို မျက်လုံးဝေ့ကြည့်လိုက်တော့ လူနည်းနည်းကျဲနေသည်။ လစ်လို့ရသည့်အချိန်ဖြစ်သောကြောင့် တော်တော်များများက ပြေးကြပုံရသည်။ ဂျုံးဂုကလည်း သူမလွယ်အိတ်ကိုဆွဲထားသည်မှာ မလွှတ်ပေးသေး။


"ငါနဲ့ထိုင်ပေးမယ်ဆိုရင် နင်လုပ်ရမယ့် ECအလုပ်တွေ ငါလုပ်ပေးမယ်လေ"


ထိုလုပ်ငန်းဆောင်တာများအား လုပ်ဆောင်ရန်ပျင်းနေသည့် အွန်းဘီ၏အညှာကိုကိုင်ကာ လေပျော့လေးဖြင့်ပြောလိုက်သည်။


"ထိုင်မယ်ဟာ... ထိုင်မယ်။ နင်သာ နင့်စကားနင်တည်"


တောင်းဆိုလာသည့် ဂျုံးဂု၏ကမ်းလှမ်းချက်အဆုံးတွင် အွန်းဘီမျက်လုံးများပင် အရောင်တလက်လက်တောက်သွားကာ သိပ်ပြီးအိုက်တင်ခံမနေတော့ဘဲ မဆိုင်းမတွပင် ဂျုံးဂုဘေးသို့ဝင်ထိုင်လိုက်သည်။ အွန်းဘီနေရာလွတ်သွားလျှင် ဂျယ်ဟီးဘေးသို့ မင်ဂျွန်းက အလိုအလျောက်ဝင်ထိုင်မည်မှာလည်း သေချာနေသည်ဆိုတော့ သိပ်ပြီးတွေးပူမနေတော့။ အထက်တန်းကျောင်းသားတွေလည်း မဟုတ်တော့ဘူးဆိုတော့ ယောက်ျားလေး၊ မိန်းကလေးတစ်တန်းထဲ တူတူတွဲထိုင်ခြင်းမှာ သိပ်ပြီးအထူးအဆန်းမှမဖြစ်တော့တာ။


"နမ်ဂျွန်းက ဘာလို့မလာတာလဲ"

When Rain Falls Down (Book 2) ✔ Where stories live. Discover now