20. The Last

1.3K 147 23
                                    

(Unicode)



"ဒီတစ်ခါတော့ နင်အရှေ့ကလူတွေနဲ့ တကယ်ရန်ဖြစ်လာတာမလား"

"အင်း... ဟုတ်တယ်"


မီယောင်း၏ ဒိုးဒိုးဒေါက်ဒေါက်မေးလိုက်သည့်အသံကြောင့် အွန်းဘီ မချိပြုံးလေးသာ ပြုံးမိလိုက်တော့သည်။ ဂျုံးဂုအား စကားဖြင့်အပြီးတိုင် ဇာတ်လမ်းဖြတ်ခဲ့ပြီးသည့်အချိန်မှစ၍ မီယောင်းနံဘေးတွင် ပြောင်းထိုင်ခဲ့မိသည်လေ။ သင်တန်းအတူတူတက်ကာ ရင်းနှီးနေမိသော်လည်း မိမိ၏အကြောင်းများအား မီယောင်းအပေါ် အွန်းဘီ မပြောပြဖြစ်သေး။ ဂျယ်ဟီးတုန်းကကဲ့သို့ မယုံကြည်သင့်ဘဲ လူမှားယုံကြည်မိမည်စိုးသောကြောင့် အချိန်တစ်ခုကို သူမ စောင့်နေမိသည်။


"ဂျုံးဂုကလည်း မိန်းမပေါင်းစုံနဲ့ ဘာလားပဲ"


မီယောင်း၏စကားကြောင့် အွန်းဘီ ဟန်မဆောင်နိုင်ဘဲရယ်မိသွားသည်။ သူမနှင့်အတွေးထပ်တူကျနေသည့် လူတစ်ယောက်ပေါ်လာသောကြောင့် ဝမ်းသာမိသည်လေ။ မိမိနောက်ဆုတ်ပေးခဲ့ခြင်းသည်ပင် သူ့အတွက်လမ်းဖွင့်ပေးလိုက်သလို ဖြစ်သွားခြင်းအတွက် ရင်နာနာနှင့်ဝမ်းသာပေးရပြန်သည်။ ဂျူယောင်းနှင့်အပြင်သွားလိုက်၊ ဟေးမီနှင့်သာယာလိုက်ဖြင့် သူမကို ရှိသည်ဟုပင် ထင်ပုံမရ။ သူ့အနားမှ ဒီထက်မက စောစောပင်ထွက်လာခဲ့သင့်သည်ဟု အတွေးပေါက်လာမိသည်အထိ ဂျုံးဂုက သူမ၏စွန့်ခွာမှုအပေါ် ဝမ်းနည်းပြလိုက်သည်ပဲ။


"အွန်းဘီ... ဂျူယောင်းတို့ကို ငါကြည့်မရဘူး"

"ဘာလို့လဲ"

"သူတို့က နင့်ကိုဆို နေရင်းထိုင်ရင်းကို ရန်စောင်နေကြသလိုပဲ"


အွန်းဘီ အနည်းငယ်တွေဝေသွားမိသည်။ မကြားတကြားပြောတတ်သည့်စကားများ၊ လူကိုမြင်ရင် တမင်သက်သက် မမြင်ယောင်ဆောင်သွားတာတို့လုပ်တာကို မီယောင်းက တွေ့တွေ့နေရသည်ကိုး။ အွန်းဘီနှင့်သူတို့ကြားတွင် တစ်ခုခုဖြစ်ထားခဲ့မှန်းသိသော်လည်း အားနာသောကြောင့်မမေးမိခဲ့။ ထို့ကြောင့် မီယောင်း သူမ သဘောမကျမိခြင်းကိုသာ ပွင့်ပွင့်လင်းလင်းပြောပြမိသည်။


"သူတို့က ငါ့ကို ဂျုံးဂုနဲ့အထင်လွဲနေကြလို့ပါ... အဲ့ဒါကြောင့် အဲ့လိုတွေဖြစ်နေတာ"

When Rain Falls Down (Book 2) ✔ Where stories live. Discover now