13. Brain or Heart

1.2K 131 13
                                    

(Unicode)


"နင်... အဲ့ဒီအကြောင်းကို သိသွားပြီ၊ သူနင့်ကိုပြောပြလိုက်ပြီ... ဟုတ်တယ်မလား"


ဂျုံးဂု မိမိကိုယ်ကို တတ်နိုင်သမျှချုပ်ထိန်းရင်းမေးလိုက်သော်လည်း စိတ်လှုပ်ရှားမှုတို့က အသံတွင် အတိုင်းသားပေါ်နေသည်။ အွန်းဘီကတော့ တော်တော်ကို မှင်သေသည်ဟုပြောရမည်။ မျက်နှာပေးက ပြောနေသည်ကိုပင် ဂရုမစိုက်သည့်ဟန်ကြောင့် ဂျုံးဂု စိတ်ထဲပင် မဝ့ံမရဲဖြစ်လာသည်။


"ဘာအကြောင်းကို ပြောနေတာလဲ ဂျုံးဂုရဲ့"


ပြုံးပြုံးလေးကြည့်ပြီး သူ့ကို ပြန်မေးခွန်းထုတ်လာသည့် အွန်းဘီကြောင့် ဂျုံးဂု မည်ကဲ့သိုစကားဆက်ရမည်မသိပင် ဖြစ်သွားခဲ့သည်။


"ဘာမှမဟုတ်တော့ဘူး... ထားလိုက်တော့"

"အာ... ဟိုတစ်ယောက်... ဂိုအွန်းယန်းနဲ့ကိစ္စကိုပြောတာလား နင်က?"


ဂျုံးဂု ဘာမှအဖြေမပေးမိ။ တိတ်ဆိတ်ခြင်းသည် ဝန်ခံခြင်းဟု သူမမှတ်ယူချင်လည်း မှတ်ယူပါစေတော့။ သူ အွန်းယန်းအပေါ် စိတ်မဝင်စား၍ထားခဲ့သည့်အတွက် အပြစ်တင်ပါကလည်း သူဂရုလုံးဝစိုက်မည်မဟုတ်။ ပြီးတော့... စွန့်ပစ်ခဲ့ပါတယ်ဆိုပြီး အပြောဆိုခံရတာကလည်း သူ့အတွက်ဒါပထမဆုံးအကြိမ်မှ မဟုတ်တာ။


"အေး... ငါပြန်မေးမှ မဖြေနဲ့တော့သိလား... ဟုတ်တယ် အဲ့ဒီအကြောင်းကြားပြီး ငါနင့်ကို စိတ်တိုတာမှ ဆောင့်ဆွဲပြီးအသေသတ်ပစ်ချင်လောက်အောင်ပဲ"

"နင် ဒီနေ့ငါ့ကို ထုနှက်နေထဲက သိပါတယ်"

"ငါ သူနဲ့စကားပြောမယ်ဆိုတော့ နင်အင်တင်တင်ဖြစ်နေတာ အဲ့ဒါကြောင့်မလား... နင်တစ်ခုခုဖြစ်နေတယ်လို့တော့ ငါထင်သား... မိန်းကလေးတစ်ယောက်ရဲ့အသည်းကို ပလိန်းကြီးသွားခွဲစရာလား အရူးရဲ့"


အွန်းဘီ၏ ပြောပုံဆိုပေါက်မှာ သူ့ကိုအရမ်းအပြစ်တင်နေသည့်လေသံတော့မဟုတ်။ သူ့လုပ်ရပ်ကို အမှားတစ်ခုအဖြစ်ယူဆပြီး ယူကျုံးမရတဗျစ်ဗျစ်ပြောနေသည့်လေသံဟု ဂျုံးဂု ကွဲကွဲပြားပြားသိလိုက်သည်။


"အဲ့တစ်ယောက်က... နင့်ကို ဘယ်လိုစပြီးပြောပြတာလဲ"

"သြော်... သူက ငါတက်နေတဲ့ကျောင်းမှာ သူ့သူငယ်ချင်းရှိတယ်ဆိုပြီး စပြောတာ... အဲ့ဒါနဲ့ ငါလည်း နင်လားလို့မေးလိုက်တာပေါ့...။ အဲ့ဒီမှာ သူကစပြောပြတာပဲ... နင့်ကိုသာကြောင်းမာကြောင်းတွေလည်း မေးရှာပါတယ်"

When Rain Falls Down (Book 2) ✔ Dove le storie prendono vita. Scoprilo ora