ရွှေမင်းသမီး (၆)

4K 569 23
                                    

အပိုင်း ၆

ကြည့်ရတာ ဒီဓားပြအဖွဲ့ အရင်တုန်းကလည်း ဒီလိုလုပ်ဖူးကြတယ်ထင်ပါရဲ့။ ဘယ်သူက ဘာလုပ်ရမယ်ဆိုတာ သေသေချာချာသိကြပြီး ခေါင်းဆောင်က ခိုင်းစရာတောင်မလိုဘူး။

ရှီရှန်း တိတ်တိတ်လေး ဆက်ပြီးဆဲနေလိုက်တယ်.
Hidden quest တွေ လက်ခံဆောင်ရွက်ဖို့ အတင်းအကျပ် ဖိအားပေးခံရတဲ့အပြင် အခုလည်း သူမဘဝက အန္တရာယ်ထဲကျရောက်နေပြီ. ပြီးတော့ အရေးအကြီးဆုံးက System သူမကို Cheat - မသမာတဲ့နည်းတွေ မပေးသေးဘူး. 'ယဉ်ယဉ်လေးရူးနေတဲ့ သောက်ရူး 0/10[1]'

ကျန်းဝမ်​က ဇာတ်​လမ်းရိုက်​ကူး​ရေးရှိ​နေတာ​ကြောင့်​ ဒီဇာတ်​ကွက်​မှာ သူမ မပါ. ဒါပေမဲ့ ဒီဇာတ်​ကွက်​ကို မူရင်းစာအုပ်မှာ ကွက်​ကွက်​ကွင်းကွင်း အ​သေးစိတ်​ ​ရေးထားတယ်. အဓိက အမျိုးသမီးဇာတ်​​ဆောင်​ ဒီမှာ ရှိ​နေလို့လေ

ရှီရှန်း ​ဘေးပတ်​ပတ်​လည်​ကို လှည့်​ပတ်​စူးစမ်းလိုက်​​ပေမဲ့ သူမကို မ​တွေ့မိ​သေးဘူး
အဓိက အမျိုးသမီးဇာတ်​​ဆောင်​တစ်​​ယောက်​ သီးသန့်​အခန်းမှာ ရှိချင်​လည်​ ရှိ​နေမှာ​ပေါ့ .

ဒီအခန်းမှာပဲ လုချင်းယွင်​ကို ရှမန်​ ကယ်ခဲ့တယ်. လုချင်းယွန်​က ရှမန်​နဲ့ ရှီမို့တို့ရဲ့ ဆက်​ဆံ​ရေးကို သိသွားပြီး ရှမန်​နဲ့ ရင်းနှီးလာမယ့်သူပေါ့

အပြင်​ဘက်​မှာ​​တော့ ရဲတွေ အထပ်​ထပ်​ဝိုင်းလို့

လက်​ရှိမှာ​တော့ ဓားပြတွေက သီးသန့်​ခန်းက လူတွေကို ဖမ်းထုတ်​လာခဲ့ပြီ

ရှမန်​လည်း အ​နောက်​​ပေါက်​နဲ့ တော်တော်လေးဝေး​တဲ့ သီးသန့်​ခန်း​ကနေ ထွက်​လာခဲ့တယ်

အေးတိ​အေးစက်​နိုင်​တဲ့ မျက်​နှာထားနဲ့ သူမက ကာယ​လေ့ကျင့်​ခန်းဝတ်​စုံကို ဝတ်​ဆင်​ထားတယ်
သူမပုံစံက တည်​ငြိမ်​တယ်. ဓားပြတွေရဲ့ ညွှန်​ကြားချက်​အတိုင်း သူမ နာခံပြီး ရှီရှန်း​ဘေး နှစ်​​ယောက်​​ကျော်​ နံရံနားမှာ​ ​ဆောင့်​​ကြောင့်​ထိုင်​လိုက်​တယ်. ရှီရှန်းက သူမဘယ်​လိုတုန့်​ပြန်​မလဲဆိုတာကို သိချင်​တော့ လှည့်​ကြည့်​လိုက်​တယ်

[DROPPED]Where stories live. Discover now