ရွှေမင်းသမီး (၁၂)

3.8K 566 6
                                    

ကော့တေးပါတီ ပြီးကတည်းက လုချင်းယွင်ဘက်တွင် လှုပ်ရှားမှု မရှိသော်လည်း ရှီမို့မှာ အခက်အခဲတွေ ကြုံတွေ့နေလေပြီ.
ထန်ယင်မှာ ပါတီအတွင်း ဖြစ်ပွားခဲ့သော အကြောင်းအရာတို့ကို မသိလေသဖြင့် ရုတ်တရက် ၁၈၀ ဒီဂရီ ပြောင်းသွားသော company ၏ သဘောထားကို နားမလည်နိုင်ချေ.

ရှီရှန်းထံမှ အကြောင်းစုံကို သိသွားပြီးနောက် ထန်ယင်တစ်ယောက် သူငိုဖို့ ရေချိုးခန်း ရှာရတော့မလို့ပင် ခံစားလိုက်ရလေသည်. 'မကောင်းတဲ့ ကောလဟာလတွေလား? ရတယ် ဘာမှမဖြစ်ဘူး. ငါတို့ ဖြေရှင်းလို့ရတယ်. ဒါပေမဲ့ စောင်ပြဿနာက နင် ဘောစ့်ကို ပုန်ကန်လိုက်တယ်? နင် ဒီလောကမှာ မနေချင်တော့ဘူးလား?!'

ပုံမှန်မျက်နှာထားနှင့် ရှီရှန်းကို ထန်ယင် ကြည့်လိုက်သည်. သူ့နှုတ်ခမ်းများ အနည်းငယ်ရွဲ့သွားပြီး 'နင် မြေမြှုပ်ခံလိုက်ရပြီလေ; ဘယ်လိုတောင် အေးအေးဆေးဆေး နေနိုင်တာလား?!'

"မင်းအခု ဘယ်လိုလုပ်ဖို့ စဉ်းစားထားလဲ?" သူမက ဒေါင်ဖန်း company နှင့် စာချုပ်သက်တမ်း 2 နှစ်ခွဲတောင် ကျန်ရှိသေးသည်.

ဒေါင်ဖန်း entertainment က သူတို့အတွက် သရုပ်ဆောင်ဖို့ အခန်း မပေးလို့ ကိုယ့်ဖာသာကိုယ် ရှာမယ်ဆိုရင်တောင် ဘယ်သူက ဒေါင်ဖန်း entertainment ကို ဆန့်ကျင်ပြီး သူတို့ကို ပေးမှာလဲလို့?'

"ငါတို့ စောင့်ရမယ်."

"စောင့်ရမယ်?" 'ဘာအတွက်?! မင်းက အရွယ်လွန်သွားတဲ့ အထိ စောင့်ချင်တာလား?!'

ကုန်ကုန်ပြောရရင်, အနုပညာရှင်တို့၏ ထမင်းအိုးက သူတို့၏ ငယ်ရွယ်မှုအပေါ် မူတည်နေသည်. တကယ်လို့ သူတို့တာ တစ်နှစ် နှစ်နှစ်လောက် ပျောက်ကွယ်သွားခဲ့မယ်ဆိုရင် ဒီအသိုင်းအဝိုင်းထဲ ပြန်ဝင်ဆံ့ဖို့ ခက်ခဲသွားလိမ့်မည်.

ရှီရှန်း မျက်လုံးတို့ လခြမ်းပုံသဏ္ဌာန် ကွေးသွားပြီး စဉ်းလဲသော အပြုံးပြုံးကာ "ဟုတ်တယ်, ငါတို့ စောင့်ရမယ်."

ဟိန်းဟောက်ချင်သည့် စိတ်ဇောကို ထန်ယင် တိုက်ခိုက်သိမ်းဆည်းလိုက်ရင်း 'ဒီတစ်ယောက်က ငါ့ကို ဖျက်ဆီးဖို့ စေလွှတ်ခြင်းခံလိုက်ရတဲ့သူတော့ မဟုတ်ဘူးမလား?!'

[DROPPED]Where stories live. Discover now