အပိုင်း၅
ရှီရှန်း၏ နံပါတ်စဉ်ကို ခေါ်လိုက်သောကြောင့်
သူမ၏အတွေးတွေထဲမှ နိုးထလာခဲ့သည်။
ထို့နောက် သူမ မတ်တပ်ရပ်လိုက်ကာ အခန်းထဲသို့
သွားလိုက်သည်။အထဲတွင်လူငါးဦးရှိနေသည်။
လူရွေးပွဲ၏ဒိုင်လဲဖြစ် ဇာတ်ကား၏ဒါရိုက်တာ
လဲဖြစ်သည့်သူကအလယ်တွင်ထိုင်နေသည်
သူသည်အသက်လေးဆယ်နားကပ်ကပ်လူတစ်ဦး
ဖြစ်ကာသူ့မျက်နှာထားကတည်တင်းလွန်းသည်။
သူနှင့် အလုပ်တွဲလုပ်ရန် လွယ်ကူမည့်ပုံမပေါ်ပေ။ဒါရိုက်တာ၏အမည်က စုန့်ဟန်ဖြစ်ကာ
အင်မတန်ဂျီးများသည်ဟုနာမည်ကြီးသည်။
မင်းသားတစ်ယောက်ကိုဆိုလျှင် sceneလေးတစ်ခု
တည်းကိုအကြိမ်တစ်ရာမက ထပ်ခါထပ်ခါ
ပြန်သရုပ်ဆောင်းခိုင်းခဲ့သည်ဟု ကောလဟာလ
ထွက်ဖူးသည့်သူလဲဖြစ်သည်။
ထိုအရာမှာသေချာပေါက်ကောလဟာလတစ်ခုသာ
ဖြစ်သောကြောင့်ထိုအဖြစ်အပျက်နဲ့ပတ်သတ်သည့်
ကျိုးကြောင်း ခိုင်လုံမှုတွေက အခုထိ မေးခွန်းထုတ်စရာ
ဖြစ်နေခဲ့သည်။စုန့်ဟန်၏ရွေးချယ်မှုကိုခံရသည့်
သူတစ်ချို့သည်နာမည်ကြီးသရုပ်ဆောင်များ
ဖြစ်သွားကြသည်ချည်းသာဖြစ်သည်။
သူနဲ့ပတ်သတ်၍ အနည်းငယ်ချဲ့ကားပြောဆို
ကြသည်များလဲရှိသည်။
အကယ်လို့ မင်းက စုန့်ဟန်နဲ့သာ
အလုပ်အတူတွဲလုပ်ခဲ့မယ်ဆိုရင် မင်းရဲ့
သရုပ်ဆောင်စကေးနဲ့ မင်းရဲ့အဆင့်က
တိုးတက်လာလိမ့်မယ်။"ဆရာ ဆရာမတွေ[1]ကိုနှုတ်ဆက်ပါတယ်။
ကျွန်မကတော့ ကျန်းဝမ်ပါ "
ရှီရှန်း၏အသံက အရမ်းလဲမကျယ်သလို
အရမ်းလဲမနူးညံ့ပေ။ အရမ်းစူးရှနေတာမျိုးလည်း
မဟုတ်ပဲ လူတိုင်းကြားရရုံလောက်သာဖြစ်သည်။
အကဲဖြတ်ဒိုင်တွေက ကျန်းဝမ်၏
ကိုယ်ရေးအချက်အလက်များကို ကြည့်လိုက်ပြီး
အနည်းငယ် တီးတိုးတီးတိုး ဆွေးနွေးနေကြသည်။
ထိုအထဲက တစ်ယောက်ဆိုလျှင် အဆိုးမြင်သည့်
မျက်နှာအမူအရာကိုတောင်ပြခဲ့သေးသည်။
YOU ARE READING
[DROPPED]
Adventureစာရေးသူ - Mo Ling System: Host, ကောင်းကင်ပေါ်က အဲ့ဒါကြီးက ဘာကြီးလဲ... Shi Sheng: စကြဝဠာကူး အာကာသယာဉ် System: ဒါက ထွက်ရပ်ပေါက်အောင် ကျင့်တဲ့ ခေတ်ကြီး... ဘယ်က အာကာသယာဉ်ပျံကြီးရောက်လာတာလဲ...! - System: Host, လက်ထဲမှာ ဘာကြီးကိုင်ထားတာလဲ... Shi Sheng: ရွှမ...