ရွှေမင်းသမီး (၁၄)

4.4K 570 17
                                    

လုချင်းယွင် ထိုအမျိုးသမီးနှစ်ယောက်၏ မမြင်ရသော မီးပွားတိုက်ပွဲကို ရှောင်ကာ လျှောက်သွားခဲ့သည်.

"Mr လု ရှင်ကျွန်မကို ဘယ်အချိန်မဆို ထောက်ပံ့နိုင်ပါတယ်နော်!" ရှီရှန်း လုချင်းယွင်အား တည်တည်ငြိမ်ငြိမ် အော်ပြောလိုက်သည်.

လုယွင်ချင်းယွင်၏ခြေလှမ်းများ ခဏရပ်တန့်သွားပြီး ပုံမှန်ခြေလှမ်းများဖြင့် ဆက်လျှောက်ကာ ပျောက်ကွယ်သွားသည်.

လုချင်းယွင် ထွက်သွားတော့ ထန်ယန်လည်း လွတ်လပ်စွာပင် ပြောတော့၏. ''နင် အကိုကြီးချင်းယွင်ရဲ့ ငွေတွေကို မျက်စောင်းထိုးနေတာလား? ငါပြောထားမယ်နော်, အကိုကြီးချင်းယွင်က နင့်ကို ဘယ်တော့မှ သဘောကျမှာ မဟုတ်ဘူး. နင့်လိုနောက်ခံနဲ့ဆို သူ့ဖိနပ်ကို သယ်ဖို့တောင် အဆင့်မရှိဘူး!"

ရှီရှန်းတုန့်ပြန်သည်ကိုတောင် မစောင့်ပဲ သူမအား စိုက်ကြည့်ပြီးနောက် လုချင်းယွင်နောက်သို့ ပြေးလိုက်သွားတော့သည်. ရှီရှန်းက သူမနားထင်ကို ပွတ်သပ်လိုက်၏ 'ဗီလိန်နဲ့ ရင်းနှီးအောင်လုပ်ရတာက ကျေးဇူးမတင်ထိုက်တဲ့ စိတ်ရှည်သည်းခံရတဲ့ အလုပ်ပဲဆိုတာ ငါလေးသိလိုက်ရပြီ'

ဒီနေ့ သူမထွက်မလာသင့်ဘူးဟု ရှီရှန်းခံစားလိုက်ရသည်. ဒီခံစားချက်က သူမ သန့်စင်ခန်းမှထွက်ပြီး သီးသန့်အခန်းကို ရှာနေစဉ် လူအများ ဆူဆူညံညံအသံများပြုလုပ်ကာ သူမအား ပတ်လည်ဝိုင်းခြင်း ခံလိုက်ရသည့် အချိန်တွင် ပေါ်ပေါက်လာခြင်းပင်။

သူမ တိုးဝှေ့ တွန်းတိုက်ကာ ထွက်လာနိုင်ချိန်မှာတော့ ကြွေထည်ပစ္စည်း အပိုင်းအစများကြမ်းပြင်ပေါ်တွင် ကြေကွဲပြန့်ကျဲနေသည့် အခန်းကို တုန်လှုပ်စွာ တွေ့ရှိလိုက်ရသည်။

ရှမန်က ကြမ်းပြင်ပေါ်တွင်ထိုင်နေပြီး သူမဦးခေါင်းကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ထား၏။
သွေးများက သူမ၏ လက်ချောင်းများကြားမှ တစိမ့်စိမ့်စီးဆင်းလာပြီး ကြမ်းပြင်ပေါ်သို့ အစက်စက်ကျကုန်သည်.
''ရှောင်းမန် ငါတကယ် တောင်းပန်ပါတယ်ဟာ. တမင်တကာ လုပ်တာမဟုတ်ပါဘူး'' ရှရွှမ်းက ရှမန်ကို ထူလိုက်ရင်း တောင်းပန်သည့်မျက်နှာပေးက သူမမျက်နှာပေါ်တွင်.
''နင်လဲကျသွားမယ်လို့ ငါမထင်ထားလို့ပါ. ရှောင်းမန် နင်သွေးထွက်နေတယ်. ငါ နင့်ကို ဆေးရုံခေါ်သွားမယ်နော်. တောင်းပန်ပါတယ် ငါ့အမှားတွေပါ.''

[DROPPED]Where stories live. Discover now