ရွှေမင်းသမီး (၃)

4K 466 2
                                    

အပိုင်း၃

Videoကိုတင်​လိုက်​သည့်​ မူရင်းpostပိုင်​ရှင်​က
"Sleeping kitty"ဟု​ခေါ်သည့်
Usernameနှင့်​တစ်​​ယောက်ဖြစ်​သည်​။
ခေါင်းစဉ်​က [ပိတ်​ကား​နောက်​ကွယ်​မှ
အံ့သြစရာ ဖြစ်​ရပ်​😟]ဟူ၍။
ဗွီဒီယိုထဲတွင်​ပါသည့်​အ​ကြောင်းအရာမှာ
ရှီရှန်းက လင်​ရှန်းရှန်းကို ပါးရိုက်​လိုက်​သည့်
ဗွီဒီယိုဖြစ်​သည်​။သို့​သော်​ မရိုက်​ခင်​နှင့်​ ရိုက်​ပြီး
နောက်​အ​ကြောင်းအရာများကို​တော့ ဖြတ်​ထားသည်​။

ထိုpostကို တစ်​ဆင့်​ပြန်​တင်​ကြသည့်​ account
များလည်းရှိသည်​။တချို့​တွေက စုံစမ်းကြည့်​သည့်
အခါ သူမတို့နှစ်​​ယောက်​ လက်​ရှိတွင်​ TV drama
တစ်​ခုရိုက်​​နေသည်​ကိုသိရှိသွားကြသည်​။
ထို့​နောက်​ သူတို့က ရိုက်​ကွင်းမှ ပုံများနှင့်​ Trailer
တို့ကိုသုံး၍ မည်​သည့်​ဝတ္ထုကို​မှီငြမ်းထားသည်​ဆိုတာကို
ရှာကြသည်​။ထိုသူများက သူတို့အမှန်​တရားကို
ရှာ​တွေ့သွားပြီဟု ထင်​ကြသည်​။မြောက်​များစွာ​သော
Postများ​အောက်​တွင်​ ကျန်းဝမ်​ကိုအပြစ်​တင်​ရှုံ့ချကြ
ကာ လင်​ရှန်းရှန်း၏fanများကလည်း ကျန်းဝမ်​၏ Weiboတွင်​ တိုက်​ခိုက်​၍ ဆဲ​ရေးမှုများ ပြုလုပ်​ကြသည်​။

[ဒီလိုမ​ကောင်းတဲ့မိန်းမမျိုးကရှိ​သေးတာလား။
သူ သရုပ်​​ဆောင်​ထားတဲ့ dramaကိုကြည့်​​တော့လည်း
သရုပ်​​ဆောင်​အရည်​အချင်းက စုတ်​ပြတ်​လို့။
အခု character ကလည်းစုတ်​ပြတ်​​နေမှာပါပဲ။
သူ တကယ်​ပဲ ငါတို့ရဲ့ရှန်းရှန်​​လေးကို အနိုင်​ကျင့်​ရဲတယ်​။
ကျန်းဝမ်​...ရုပ်​ရှင်​​လောက က ထွက်​သွား!]

[နင့်​ကို ပါးရိုက်​တယ်​ဆိုတာက ဇာတ်​ညွှန်းထဲမှာ
ပါလို့​လေ။ငါတို့ရဲ့ ​နတ်​ဘုရားမ​လေးရှန်းရှန်​က
နင့်​ကိုတကယ်​ရိုက်​တယ်​ဆိုရင်​​တောင်
အဲဒါက ရုပ်​ရှင်​ကိုပိုပြီးအသက်​ဝင်​​အောင်​ဟဲ့။
အဲဒါကို ရိုက်​ကွင်း​နောက်​ကွယ်​မှာ ပြန်​ရိုက်​ရ​အောင်
နင့်​မှာ ဘာအခွင့်​အ​ရေးရှိလို့လဲ။ရိုက်​ကွင်း​ပေါ်နဲ့ရိုက်​ကွင်း
နောက်​ကွယ်​ကို​တောင်​ မကွဲပြားတဲ့နင်​က
ဘယ်​လိုမင်းသမီးမျိုးလဲ။
ကျန်းဝမ်​....ရုပ်​ရှင်​​လောက ကထွက်​သွား]

[DROPPED]Where stories live. Discover now