ရွှေမင်းသမီး (၁၀)

3.7K 550 24
                                    

"ရှမန်, နင်ပြန်လာရဲသေးတယ်ပေါ့လေ? နင်က တော်တော် အရှက်မဲ့တာပဲနော်? ငါသာ နင့်နေရာမှာဆို တသက်လုံး နိုင်ငံခြားမှာပဲနေပြီး ပြန်လာတော့မှာ မဟုတ်ဘူး. အထူးသဖြင့် ရှမိသားစုနဲ့ ကိုယ့်ကိုယ်ကို ဒုက္ခ ပေးမှာ မဟုတ်ဘူးလေ."

လမ်းလျှောက်ထွက်တော့မည့် ရှီရှန်းတစ်ယောက် ရှမန်ဟူသော နာမည်ကို ကြားမိတော့ လမ်းဆက်မလျှောက်တော့ဘဲ ခဏရပ်ကာ ပြန်လှည့်လာသည်.

လှလှပပ ဝတ်ဆင်ထားသော မိန်းကလေးတစ်ယောက်က ရှမန်အား တားဆီးပိတ်ဆို့ထားပြီး ထိုသူနှစ်ဦးမှာ ရှီရှန်းနှင့် ခြေလှမ်းအနည်းငယ်မျှသာ ကွာဝေးလေသည်. ရှမန်၏ အကြည့်တို့ တဖြေးဖြေး စူးရှလာပြီး အေးတိအေးစက် ပြန်ပြောလေ၏ "ငါ ရှမိသားစုနဲ့ ဘာမှမပတ်သတ်ဘူး"

လှောင်ပြောင်သရော်မှု အရိပ်အယောင်က ရှရွှမ်းမျက်နှာတွင် ယှက်သန်းလျက်ရှိ၏. "ဟယ် နင်က လက်သည်းခွံလို မာကြောတဲ့သူ မဟုတ်လား? ဘာလဲ ကျောထောက်နောက်ခံ စပွန်ဆာရှာနေတာတော့ မဟုတ်ဘူးမလား? အော် ဟုတ်သားပဲ နင်အခု မှီခိုစရာဆိုလို့ နင့် ခန္ဓာကိုယ်ပဲ ရှိတော့တာပဲ..."

ဖတ်!
*ပါးရိုက်သံ*

ရှရွှမ်း ရှီရှန်းပေါ်သို့ လဲကျသွားလေသည်. ရှီရှန်း ခလုတ်တိုက်မိပြီး ဘေးရှိ ပန်းအိုးနှင့် တိုက်မိလေတော့သည်. ထိုပန်းအိုးမှာ လေးထောင့်ပုံသဏ္ဌာန်ရှိနေပြီး သူ့ထောင့်စွန်းက ရှီရှန်းခါးကို နာကျင်သွားစေသည်.

'ငါက ပြဇာတ်လေးပဲ ရပ်ကြည့်နေတာလေဟာ. ဘာလို့ ငါ့ကို ဆွဲသွင်းရတာလဲဟ! ပြီးတော့ လုချင်းယွင်... ငါ့ကို ဖမ်းလိုက်ရင် သူကို သတ်မှာ စိုးနေတာလား?!'

လုချင်းယွင်မှာ သူမဘေးတွင်သာ ရပ်နေသည်. သူမလဲကျမသွားအောင် သူထိန်းပေးလို့ရသော်လည်း လက်ကလေး ပိုက်၍ ပြုံးကာ ရှီရှန်း ပန်းအိုးနှင့် တိုက်မိသွားပုံကိုသာ ရပ်ကြည့်နေတော့သည်.

"အဆင်ပြေလား?" လက်တစ်စုံက သူမ ထနိုင်ရန် ကူညီပေးသည်. ရှီရှန်း မျက်မှောင်ကျုံကာ ထို လက်ပိုင်ရှင် ရှီမို့ကို မော့ကြည့်လိုက်သည်.

"အားမို, ရှင် တခြားသူ ကျွန်မကိုရိုက်ဖို့ ခိုင်းတယ်ပေါ့? ကျွန်မ ဘာလုပ်မိလို့လဲ?" ရှရွှမ်း သူမ မျက်နှာလေးကို ကိုင်ကာ ရှီမို့ထံ တခုခုမှားနေပြီဟူသော အမူအရာဖြင့် ကြည်လိုက်သည်. ရှရွှမ်းကို ရိုက်လိုက်သူမှာ ရှီမို့ လက်ထောက်ပင်ဖြစ်၏.

[DROPPED]Where stories live. Discover now