ရွှေမင်းသမီး (၄)

3.9K 472 1
                                    

အပိုင်း၎

"ကုမ္ပဏီက [City Toppling]ရဲ့ ပရိုကျူဆာ​တွေနဲ့
ပြဿနာကိုရှင်း​ပေးထားပြီး​ပေမယ့်​ ​လျော်​​ကြေးကို​တော့
မင်းလခထဲက ဖြတ်​ခလိမ့်​မယ်​။"
သံသယနည်းနည်းရှိ​နေ​သော​ကြောင့်​ ဆက်​မ​ပြောခင်
ခဏရပ်​လိုက်​သည်​။
"ဇာတ်​ညွှန်းက အ​တော်​ဆိုးရွားတာကို မင်းဘာလို့များ
အဲ့ဒါကို လက်​ခံလိုက်​တာလဲ"

ရှီရှန်းက ပခုံးတွန့်​ပြသည်​။"အဲဒါ မီလန်​လုပ်​တာ။
ကျွန်​မက အခုမှ ၁၈ဆင့်​​ပဲရှိတဲ့ တက်​သစ်​စမင်းသမီး
လေး​လေ။ဘယ်​လိုလုပ်​ပြီး အရမ်း​တော်​တဲ့ agent
ကြီးကို သ​ဘောမတူဘူးလို့ သွား​ပြောရဲမှာလဲ?"

ထိုစကားများကို ကြားပြီး​နောက်​ သူမကို​ရွေးပါဟု
သူ့ကိုအကြံလာ​ပေး​သော ထိုမင်းသမီးအ​ကြောင်းကို
ပို၍သိချင်​လာရသည်​။
သူမကို စီစဉ်​​ပေးရသည့်​တာဝန်​ကို သူလွှဲ​ပြောင်းယူလိုက်
ရကတည်းက ကုမ္ပဏီမှ သူ့ကိုကိုယ်​ပိုင်​ရုံးခန်းတစ်​ခု၊
လုပ်​ပိုင်​ခွင့်​များနှင့်​ အခွင့်​အာဏာများအားလူံးကို
ပေးထားခဲ့သည်​။လက်​​အောက်​တွင်​ မည်​သည့်
မင်းသားမင်းသမီးမှမရှိ​သေးသည့်​ သူလိုအသစ်​က​လေး
အတွက်​​တော့ ဤသည်​မှာ ​ကောင်းကင်​က​ပေးသည့်
မဟာအခွင့်​အ​ရေးကြီးပင်​ဖြစ်​သည်​။

တချို့​သောအ​ကြောင်းများ​ကြောင့်​ သူအလိမ်​ခံ​နေရသလို
ခံစားမိသည်​။သို့​သော်​ ထိုစိတ်​ကို ​ဖျောက်​လိုက်​ကာ
ရှီရှန်းကို ဇာတ်​ညွှန်းသုံးခု လှမ်း​ပေးလိုက်​သည်​ ။
"ဒါ​တွေက ငါဇာတ်​ညွှန်း​တွေဖတ်​ကြည့်​ပြီး​တော့
နောက်​ဆုံးကျန်​တဲ့ ဟာ​တွေပဲ"

ရှီရှန်းမ​ရွေးခင်​ နာမည်​​တွေကို သာမန်​ပဲဖတ်​လိုက်​သည်​။
"ဒီတစ်​ခု"

်ထန်ယင်​ မကန့်​ကွက်​။ထိုသုံးအုပ်​မှာ သူ့စိတ်​ကြိုက်​​ရွေး
ထား​သောစာအုပ်​များဖြစ်​သည်​မို့ သူမဘာ​ရွေး​ရွေး
ကိစ္စ​တော့မရှိ။ သူမ​ရွေးသည့်​စာအုပ်​ကလည်း
ဆိုး​တော့မဆိုး​ပေ။

ရှီရှန်း​ရွေးလိုက်​သည့်​ စာအုပ်​မှာ *Xianxia ဇာတ်​လမ်းတွဲ
တစ်​ခုဖြစ်​သည်​။ကျင့်​ကြံခြင်း​လောကတွင်​ ဇာတ်​အိမ်​ဖွဲ့
ထားသည်​။ ကျင့်​ကြံခြင်းဂိုဏ်းတစ်​ခုဖြစ်​သည့်
"ဂုဏ်​ထူး​ဆောင်​ဂိုဏ်း"သည်​ အစုလိုက်​သတ်​ဖြတ်​ခြင်း
ခံလိုက်​ရကာ ချင်​ရန်​တစ်​ဦးတည်းသာ
အသက်​ရှင်​ကျန်​ရစ်​ခဲ့သည်​။သူ့ကို နတ်​ဖြစ်​ရန်​ကျင့်​ကြံ
နေသည့်​ မက်​မွန်​ပန်း​ဝိဥာဉ်​​လေးကကယ်​ခဲ့သည်​။
သူတို့နှစ်​​ယောက်​ ပူး​ပေါင်း၍ ဂိုဏ်တစ်​ခုလုံးအသတ်​ခံရ
မှု၏​နောက်​ကွယ်​မှ အမှန်​တရားကို ကြိုးစား၍ရှာ​ဖွေကြ
သည့်​ဇာတ်​ဖြစ်​သည်​။

[DROPPED]Where stories live. Discover now