ရွှေမင်းသမီး (၉)

3.8K 565 25
                                    

"ကျွန်တော် အဲ့သဘော ပြောတာမဟုတ်ပါဘူး အကြီးဆုံး သခင်လေး" လုတာ့ဖန်လည်း သူ့အသံဆိုးကြီးနှင့် ခပ်မြန်မြန်ပင် ငြင်းလိုက်သည်.

"ကျွန် - ကျွန်တော်ပြောချင်တဲ့သဘောက တကယ်လို့ အကြီးဆုံး သခင်လေးကသာ ကြိုပြီး ပြောထားမယ်ဆိုရင် ကျွန်တော်လာကြိုမှာပေါ့"

လုတာ့ဖန်မှာ စိုးရိမ်ကြောင့်ကြမှု ထိတ်လန့်မှုများနှင့် ပြည့်နေ၏ 'ဒီမကောင်းဆိုးဝါးကြီးက နိုင်ငံခြားမှာ နေရတာ လုံးဝ အဆင်ပြေနေတာ မဟုတ်လား? ဘာလို့ပြန်ခဲ့တာပါလိမ့်?'

လုမိသားစုမှာ ရာစုနှစ်ပေါင်းများစွာ နောက်ခံသမိုင်းရှိသော ဆွေကြီးမျိုးကြီးဖြစ်သည်.

လုချင်းယွင်က ထိုလူအား 'ဒုတိယဦးလေး'ဟု ခေါ်ရသော်လည်း, သူက ဘေးလူမျှသာဖြစ်ပြီး လုချင်းယွင်ကသာ အဓိကကျသောလူဖြစ်ပေသည်. 

ဒီနှစ်များတွင် အဓိကအိမ်တော်က သူတို့၏လုပ်ငန်းကို နိုင်ငံရပ်ခြားတွင် သွားရောက်အခြေချထားပြီးဖြစ်သောကြောင့် လုချင်းယွင်ပြန်လာရသည့်အကြောင်းရင်းကို လုတာ့ဖန်နားမလည်နိုင်ဖြစ်နေသည်.

"မလိုအပ်ပါဘူး" လုချင်းယွင်အကြည့်က ရှီရှန်းဆီသို့ လှည့်သွား၏

ရှီရှန်းလည်း မဆိုင်းမတွပင် ပြုံးပြလိုက်သည်. 'ဒီ စပွန်ဆာကြီး, ငါ့ရဲ့ အနာဂတ်စပွန်ဆာလောင်းကြီး, သူ့ကို စိတ်အနှောက်အယှက်ပေးလို့မဖြစ်ဘူး'

လင်ရှန်းရှန်း သူ့ကို အကြောင်သားငေးနေမိသည်.

ဒီအနုပညာအသိုင်းအဝိုင်းတွင် သူ့ထက်ချောသော ကြည့်ကောင်းသောသူကို ရှာတွေ့နိုင်မည်မဟုတ်.

ထို့ပြင် လုတာ့ဖန်ခေါ်သည့်ပုံစံအရ သူ့အဆင့်အတန်းမည်မျှမြင့်မားကြောင်း ခန့်မှန်း၍ ရနိုင်ပေသည်. သူမသာ ဒီလူ သူ့မအား သဘောကျအောင် လုပ်နိုင်ခဲ့မည်ဆိုလျှင်...

ထိုသို့စဉ်စားပြီးနောက် လင်ရှန်းရှန်း သူမ၏ဦးနှောက်ကို အလုပ်ပေးလိုက်သည်. စွဲလမ်းနေသော အရိပ်အယောင်များကိုလည်း သူမမျက်လုံးမှတစ်ဆင့် တွေ့နေရသည်.

[DROPPED]Where stories live. Discover now