ရွှေမင်းသမီး (၁၁)

3.7K 560 29
                                    

"Mr လု ရှင် ဘာဖြစ်လို့ ကျွန်မကို မထောက်ပံ့တာလဲ?" ရှီရှန်းမှာ လုချင်းယွင်ကို မှီထားဆဲဖြစ်ပြီး တည်ငြိမ်သော လေသံလေးနှင့် ပြောသည်.
သူမဘေးမှ ဖြတ်လျှောက်သွားသော ရှမန်ပင် ထိုစကားကြားလိုက်တော့ ခလုတ်တောင် တိုက်မိသွားသေး၏.

ထိုယောက်ျား၏ ရင်ခွင်တွင် ပလာစတာကပ်ထားသလို ကပ်နေသော ထို အမျိုးသမီးအား ရှမန် ထူးဆန်းစွာ ကြည့်လိုက်သည်. 'ကျန်းဝမ်က ဘာလို့ ဒီလောက်တောင် ထူးဆန်းရတာလဲ?'

"အိမ်ပြန်သွားပြီး သင်္ဘောသီးများများစားခဲ့ [1] ဒါဆို ကိုယ် စဉ်းစားပေးမယ်"

'သင်္ဘောသီး?' ရှီရှန်း သူမ ရင်အုံကို ကြည့်လိုက်ပြီးနောက် သူမ မျက်နှာမှာ ချဉ်စုတ်လာသည်. 'ဒီခွေးကောင် ငါ့ရင်သားကို သေးတယ်လို့ ပြောတယ်ပေါ့လေ?! ငါ သူ့ကို သတ်မယ်!!!'

လုချင်းယွင် ရှီရှန်းကို ဘေးသို့ တွန်းဖယ်လိုက်ပြီး ခြိမ်းခြောက်သည့် အပြုံးပြုံးကာ "ကိုယ့်နောက် လိုက်တာ ရပ်လိုက်တော့ မဟုတ်ရင် ကိုယ် မင်းကို အသေဆိုးနဲ့ သေအောင် လုပ်မိလိမ့်မယ်"

"မဖြစ်နိုင်တာ, ဆုရီရှုက ရှင့်ကို ကျွန်မလက်ထဲ လွဲထားပြီဆိုတော့ ရှင့်ကို ကျွန်မ ဂရုစိုက်ရမှာပေါ့. ကျွန်မက ကတိပေးထားမိရင် ပေးထားတဲ့ ကတိကို တည်အောင် ကြိုးစား လုပ်တတ်တာရှင့်" ရှီရှန်း သူ့ကို ဖမ်းထားလိုက်သည်. အခုသာ သူ့ကို လွတ်လိုက်ရင် နောက်တစ်ခေါက် သူ့ကို တွေ့ဖို့ ဘယ်မှာ သွားရှာရတော့မလဲ?

"မင်း အခုလို လုပ်နေလည်း သူ မင်းကို ကြိုက်လာမှာ မဟုတ်ဘူး. သူက ယောက်ျားတွေကိုပဲ ကြိုက်တာ."

'ယောက်ျားတွေကို ကြိုက်တယ်? ဆုရီရှုက အဲ့လိုဖြစ်လိမ့်လို့ ငါထင်မထားဘူး!'

...နေစမ်းပါအုံး, ဆုရီရှု ကြိုက်လာအောင် ဘာလို့ ငါက ကြိုးစားရမှာလဲ?

ရှီရှန်း ခေါင်းရှုပ်နေကာ သူမ သတိထားမိတော့ လုချင်းယွင်မှာ သူမထံမှ လွတ်မြောက်သွားပြီး လူအုပ်ဆီသို့ ဦးတည်သွားလေတော့သည်. ရှီရှန်း သူ့နောက်လိုက်ရင်း မျက်နှာကြီးက မည်းမှောင်လာသည်.

"လုချင်းယွင် နည်းနည်းလေး ထပ်စဉ်းစားပါအုံးရှင့်! ကြည့် ကျွန်မက အရမ်းအသုံးဝင်တာ; ကျွန်မ စတော့ရှယ်ယာတွေကို ကိုင်တွယ်တတ်တယ်; စီးပွားရေးလုပ်တတ်တယ်; ပိုက်ဆံရှာတတ်တယ်; ရှင် လူတွေကို ပညာပေးဖို့လည်း ကျွန်မက ကူညီတတ်တယ်! ရှင် ကျွန်မကို ထောက်ပံ့တာဟာ ရှင် အောင်နိုင်သူကို လက်ထပ်လိုက်တာနဲ့ အတူတူပဲ! ကျွန်မလို အံသြစရာကောင်းတဲ့လူကို ရှင် မီးအိမ်ထွန်းပြီး ရှာရင်တောင်[2] တွေ့မှာ မဟုတ်ဘူး. ရှင် ဒီဆိုင်ကို ဖြတ်လျှောက်သွားရင် နောက်ထပ် ရွာဆိုတာ ရှိတော့မှာ မဟုတ်ဘူး[3]!"

[DROPPED]Where stories live. Discover now