ရွှေမင်းသမီး (၇)

4K 591 14
                                    

ဓားပြနဲ့ရဲတွေ အကြိတ်အနယ် ဆွေးနွေးပြီးနောက်မှာတော့ ရုတ်တရက် ပြောင်းလဲမှုတစ်ခုဖြစ်လာခဲ့သည်. ဓားစာခံများထဲမှ အသားဖြူဖြူယောက်ျားတစ်ယောက်က သူ့အနီးဆုံးရှိ ဓားပြအနားသို့ကပ်သွားကာ ထိုဓားပြ၏ လည်ပင်းကို ကိုက်လိုက်သည်.

"အား!" ထိုဓားပြလည်း အော်သည်.

'အနုပညာ ဝတ္ထု ကနေ Zombie ဝတ္ထု ဖြစ်သွားတာလားဟ? အဲ့လိုလုပ်လို့ရတယ်ပေါ့'
အမှန်တော့ ရှီရှန်းအတွေးလွန်ခြင်းဖြစ်သည်.

ဓားပြလည်း ထိုလူကို ခပ်ပြင်းပြင်း ကန်လိုက်၏. ထိုလူမှာ နံရံနှင့်ဆောင့်မိကာ နာကျင်စွာ အော်ညည်းနေတော့သည်.

များမကြာမီပင် ထိုရူးကြောင်ကြောင် လူကပဲ ဓားပြကို ခုန်အုပ်ပြီး အော်ပြန်သည်, “မင်းတို့လို အမှိုက်သာသာ ကောင်တွေ သေသင့်တယ်. သေကြစမ်း! ငါတရားမျှတအောင် ဆောင်ရွက်ပေးမယ်. ငါက သူရဲကောင်းပဲ. ငါက Heroကွ!"

"ဒီသောက်ရူးကောင်ကတော့, သူ့ကို ဆွဲချကြစမ်း!" အလစ်တိုက်ခံရသည့် ဓားပြလည်း စိတ်ဆိုးစွာ သူ့ဘေးနားက အဖွဲ့ဝင်များကို အော်ပြောလိုက်သည်.

သို့သော်လည်း ထိုလူမှာ သူတို့ကို တိုက်ခိုက်ဖို့အတွက် နည်းလမ်းမှန်သမျှကို ထုတ်သုံးသည်. ဆံပင်ဆောင့်ဆွဲခြင်း ကိုက်ခြင်း ဓားပြတွေထိခိုက်စေသည့် နည်းမှန်သမျှကို သူထုတ်သုံးသည်.

ဓားပြတစ်ယောက်က သူ့သူငယ်ချင်းဓားပြကို ကူညီရန် ထသွားသည်နှင့် အနည်းငယ်ရဲရင့်သော ဓားစာခံများက တံခါးအနီးသို့ အတင်းပြေးကြသည်.

သေနတ်သံ ဒိုင်းခနဲ ထွက်လာသည်. ခုနက ရူးကြောင်ကြောင်လူမှာ ရုတ်တရက်ရပ်တန့်သွားပြီး မျက်လုံးများ ပြူးကျယ်လာကာ နောက်သို့ လဲကျသွားတော့သည်. သူ့ခန္ဓာကိုယ်မှလည်း သွေးများထွက်နေတော့သည်. အဖြစ်အပျက်တွေက ဇာတ်လမ်းတွေထဲကအတိုင်း slow motion လေးဖြစ်သွားသလိုလို

"မင်းကို ဘယ်သူကပစ်ခိုင်းလို့လဲ သောက်ရူးရဲ့!"
တခြားတစ်ဖက်မှာ ရပ်နေသော ဓားပြက အော်ပြောသည်.

"အား! သူတို့ လူသတ်လိုက်ပြီ, ကယ်ကြပါအုံး အား!!!"

"ကျွန်မ - ကျွန်မ မသေချင်သေးဘူး. ကျွန်မအိမ်မှာ သက်ကြီးရွယ်အိုနဲ့ ကလေးတွေရှိပါသေးတယ်.ကျွန်မကို လွှတ်ပေးပါ. ကျေးဇူးပြုပြီး ကျွန်မကို ထွက်ခွင့်ပေးပါ..."

[DROPPED]Tempat cerita menjadi hidup. Temukan sekarang