ရွှေမင်းသမီး (၈)

5.1K 561 27
                                    

ကော်ဖီဆိုင်တွင် ဖြစ်ပွားခဲ့သော ဓားပြများနှင့် ဓားစာခံများအကြောင်းပါဝင်သည့် သတင်းများထွက်မလာခဲ့ချေ. ရှီရှန်း စိတ်မပူရခြင်းမှာ ဒီဇာတ်ကွက်က မူရင်းဇာတ်လမ်းအတိုင်းဖြစ်နေခြင်းကြောင့်ပင်. ဒီကိစ္စကို ဖြေရှင်းဖို့ ဘောစ့်ကြီးရှိနေတာပဲ, ဘာကိုစိတ်ပူရမှာလဲ?

ဝမ်းနည်းစရာကောင်းသည့် အချက်က ရှီရှန်း လူရွေးပွဲဝင်ဖြေထားသော XianXia ဇာတ်လမ်းတွဲမှ ပြန်စာ မရခြင်းဖြစ်သည်.

ထန်ယင် ဖုန်းဆက်မေးကြည့်မှ ထိုဇာတ်ကောင်အတွက် သရုပ်ဆောင်ရှာတွေ့ပြီး ဖြစ်ကြောင်း သူတို့သိလိုက်ရ၏. ရှီရှန်းအတွက် မှန်းချက်နှင့် နှမ်းထွက်မကိုက်ဖြစ်နေသည်. တကယ်တော့ စုန့်ဟန်က သူမကိုသာ နှစ်သက်သည်လေ.

"ဒုတိယမင်းသမီးမဟုတ်ပဲ တစ်ခြားဇာတ်ကောင်နေရာကော ရှိသေးလား?" ဒီXianXia ဇာတ်လမ်းတွဲမှာ အောင်မြင်သည့် ဇာတ်လမ်းတွဲဖြစ်လာမှာကြောင့် နာမည်ရနိုင်မည့် ဒီအခွင့်အရေးကို ရှီရှန်း လက်မလွှတ်နိုင်ပေ.

ထန်ယင်မေးလိုက်ပြီးနောက် သူ့ခေါင်းကို ခါယမ်းပြသည်. "မရှိတော့ဘူး, Role တွေအားလုံးအတွက် လူတွေ့ထားပြီးပြီတဲ့"

စုန့်ဟန်၏ ဇာတ်လမ်းတွဲမှ Roles အားလုံးက ဟော့ထ်ဖြစ်နေကြ. ဇာတ်လမ်းတွဲအသစ်အတွက် အရိတ်အမြွက် နည်းနည်းတက်လာသည်နှင့် အားလုံးက နောက်ဖေးတံခါး*မှ ဖြတ်ဝင်ရန် စီစဉ်ကြတော့သည်.
(နောက်ဖေးတံခါး* = လာဘ်ပေးလာဘ်ယူ)

"ဒုတိယဇာတ်ပို့မင်းသမီးက ဘယ်သူလဲ?" မူလဇာတ်လမ်းအရဆိုလျှင် ဒုတိယဇာတ်ပို့မင်းသမီးမှာ မင်းသမီးအသစ်ကလေးဖြစ်ပြီး ဒီဇာတ်လမ်းတွဲမှတစ်ဆင့်ကျော်ကြားကာ အဆင့်သုံးသို့ တိုက်ရိုက်တက်လှမ်းသွားမည့်သူဖြစ်သည်.

"လင်ရှန်းရှန်း"

"Fuck!" 'အဲ့လင်ရှန်းရှန်း ဒီတလော သတင်းဆိုးတွေကို ဖြေရှင်းနေရတာမဟုတ်ဘူးလား? ဒါကိုများ ငါနဲ့ပြိုင်ပြီး ဒီrole ကိုလုဖို့ အချိန်တွေဘယ်လိုတောင်ပေါနေရတာလဲ?'

ထန်ယင် မျက်မှန်ကို ပင့်တင်လိုက်ရင်း လေးလေးတွဲ့တွဲ့ပြော၏ "သူမက မင်းနဲ့ဆန်ကျင်ဖက်တွေကိုပဲ ပြင်ဆင်နေတာ. သူမစပွန်ဆာက အထင်ကြီးလောက်တဲ့ background- ကျောထောက်နောက်ခံရှိတယ်"

[DROPPED]Where stories live. Discover now