ရွှေမင်းသမီး (၂)

5.9K 469 2
                                    

အပိုင်း၂

ရုပ်​ရှင်​ရိုက်​ကူးစဉ်​အတွင်း လင်​ရှန်းရှန်းက ရှီရှန်းကို
နောက်​တစ်​ကြိမ်​ ပါးထပ်​ရိုက်​ချင်​​သော်​လည်း
ရှီရှန်းက အချိန်​တိုင်း ​ရှောင်​​ နိုင်​​နေ​သော​ကြောင့်
အချိန်​အတန်​ကြာသည်​အထိ ​ရှီရှန်းကိုမရိုက်​နိုင်​။
ခဏခဏ​လေကိုပဲ ရိုက်​မိ​နေ​သော​ကြောင့်​ ဒါရိုက်​တာ
ထံမှ ​အော်​သံထွက်​လာ​​​တော့သည်​။ဒီတစ်​ခါ​တော့
ရှီရှန်းသာမက လင်​ရှန်းရှန်းပါ​ရော၍အဆူခံရ​လေသည်​။
ရှီရှန်း အဆူခံရသည်​ကို ဘယ်​လိုမှမ​နေ။ဒါရိုက်​တာ ချီး​ပေါက်
အောင်​​သေချာလုပ်​ခြင်းသာ။

"မင်းတို့်​ကောင်​​တွေ ရုပ်​ရှင်​ရိုက်​ဦးမှာလား
မရိုက်​​တော့ဘူးဘူးလား။ဒီပုံစံနဲ့သာဆိုရင်
မနက်​ဖြန်​​ရောက်​ရင်​​တောင်​ ဒီအခန်းကပြီးမှာမဟုတ်
တော့ဘူးကွ!!"

လင်ရှန်းရှန်းတစ်​​ယောက်​ ​ဒေါသမီးများ​တောက်​​လောင်
နေ​လေပြီ။ ကျန်းဝမ်​ ကိုပြန်​​ပေးဆပ်​​စေချင်​သည်​။

အချိန်​အ​တော်​ကြာကြိုးစားအားထုတ်​ပြီး​နောက်
ထိုအခန်းကို ​အောင်​မြင်​စွာရိုက်​ကူးပြီးစီးသွားသည့်
အချိန်​တွင်​ နား​နေခန်း၌ရှိ​​နေသည့်ရှီရှန်း ဆီသို့
လင်​ရှန်းရှန်းလိုက်​သွားကာ ရှီရှန်းကို
အ​နောက်​မှ အားပါပါဖြင့်​တွန်းပစ်​လိုက်​သည်​။

"ကျန်းဝမ်​....နင်​ဒါတမင်​သက်​သက်​လုပ်​တာမလား"

ရှီရှန်းကိုယ့်​ကိုကိုယ်​ထိန်းလိုက်​နိုင်​​သော​ကြောင့်​သာ
လဲကျမသွားခြင်းဖြစ်​သည်​။ထို့​နောက်​ သူမ မီးဝင်းဝင်း
တောက်​​သောမျက်​လုံးများဖြင့်​ပြန်​လှည့်​လာကာ
လင်​ရှန်းရှန်း ပါးကိုရိုက်​ချပစ်​လိုက်​သည်​။

"ငါ့ကိုရိုက်​လို့ နင့်​ကိုပြန်​ရိုက်​တာ"

ပါးရိုက်​ခံလိုက်​ရ​သော လင်ရှန်းရှန်း စက္ကန့်​အနည်းငယ်
မျှြေ​ကာင်​သွားသည်​။ထို့​နောက်​တွင်​​​တော့
ဒေါသတကြီးဖြင့်​ ရှီရှန်း၏ဆံပင်​ကိုဆွဲဖို့ကြိုးစား​တော့
သည်​။

[DROPPED]Opowieści tętniące życiem. Odkryj je teraz