ရွှေမင်းသမီး (၁၃)

5.7K 659 22
                                    

ရှီရှန်းနှင့် အဖွဲ့များ ထွက်သွားပြီးနောက်မှာတော့ ဥက္ကဌတစ်ယောက် ဒေါသပုန်ထနေမှန်း လူတိုင်းသိလိုက်ကြသည်. သူတို့တွေ ဘာအကြောင်းပြောသွားကြသလဲဆိုတာတော့ ဘယ်သူမှ မသိကြ. သူတို့သိရတာက ရှီရှန်းရဲ့ စာချုပ်ကို company က ဖြေရှင်းလိုက်ပြီ ဆိုသည့် အကြောင်းသာ ဖြစ်သည်. ထန်ယင်လည်း နုတ်ထွတ်သွားလေပြီ.

ရှမန်က ကားမောင်းပြီး ရှီရှန်းက ဘေးခုံမှာထိုင်က ထန်ယင်ကတော့ သူတို့နောက်မှာ ထိုင်ကာ လိုက်ပါလာသည်.

ဒီအခြေအနေကို သူ သိပ်မရင်းနှီးသေးပေ. CEO ရုံးခန်းထဲ ဝင်ကတည်းက သူ စကားတစ်ခွန်းတောင် မပြောလေပဲ သူ့အနုပညာရှင်နဲ့ ရှမန်တို့အတူ ရှီမို့နှင့် ဆွေးနွေးနေသည်ကိုသာ နားထောင်နေလေသည်. စာချုပ်ပျက်သွားရုံသာမက သူပါ,'ဆွဲခေါ်ခြင်း' ခံလိုက်ရသတဲ့?

"ကျွန်မ company နေရာကို ရွေးထားပြီးပြီ. ရန်ပုံငွေတွေကလည်း အဆင်သင့်ပဲ."ရှီရှန်း ထန်ယင်ခံစားနေရတာကို လျစ်လျူရှုလိုက်ပြီး သူမခေါင်းကိုငုံကာ notebook တွင် စာတစ်ချို့ရိုက်ထည့် လိုက်သည်. "ကဲ နောက်ဆုံးကျန်တာက အနုပညာရှင်တွေပဲ."

"အမ်, ငါတို့ ပညာရှင်တစ်ယောက်ကို ဒီအတွက် ခေါ်ရအုံးမှာပေါ့" ရှမန် စိတ်ထဲတွင် သက်ပြင်းချမိလိုက်သည်. လွန်ခဲ့တဲ့တလက သူမအမေဆီမှ ရလေသမျှ အမွေအားလုံးကို ရှီရှန်းအားလွဲပေးခဲ့သည်. ငွေသားချည်းပဲကို တော်တော်များသည်. ပစ္စည်းတွေ ဘာတွေ ထပ်ပေါင်းလိုက်ရင် ဒေါ်လာ သန်း၅၀ မျှ ပင်ရှိသည်.

သန်း ၅၀ ပင် ၅သန်းတောင်မဟုတ်. ထိုအချိန်က သူမ ကျန်းဝမ်ကို ယုံကြည်မိလိုက်လေသလား မပြောတတ်တော့. ကျန်းဝမ်က စကားပြော မောက်မာသည်ဆိုပေမဲ့ သူမ အပြုအမူတွေက ယဉ်ကျေးလှသည်...

ဒီအချက်ကပဲ တခြားသူတွေ သူမအပေါ်ယုံကြည်မိအောင် လုပ်နေသည် ထင်ပါရဲ့.

သို့သော် သူမ၏ အဖိုးတန် ပစ္စည်းများ တစ်လအတွင်း နှစ်ဆ တိုးပွားလာချိန်မှာတော့ အံသြလွန်း၍ အသက်ရှုတောင်မှားမိသည် ထင်သည်. 'ဒီ ပိုက်ဆံရှာတဲ့နှုန်းက... လုံးဝ နတ်ဘုရားတစ်ပါးပဲ'

"ငွေပေါ်လွယ်တဲ့ပစ္စည်းတွေကိုတော့ ခဏ ထားထားအုံးမယ်. နောက်ကျရင် ငါတို့ ရန်ပုံငွေ တော်တော်လိုလာမှာ. ငါ ငွေထပ်ရှာရအုံးမှာပဲ. ပထမအဆင့်အတွက် ဒေါ်လာ သန်း ၅၀ ဆို လုံလောက်ပြီ."

[DROPPED]Where stories live. Discover now