ရွှေမင်းသမီး (၁)

18.5K 608 8
                                    

[​နောက်​missionတစ်​ခုကို ကူး​ပြောင်းလိုပါသလား]

[စတင်​ကူး​ပြောင်း​နေသည်​။]

ဟဲ့ ဟဲ့.....​နေဦး​လေ ငါဘာမှ​တောင်​မ​ပြောရ​သေးဘူး?
နင့်​ကိုပိန်းဥလို့​ခေါ်မိလို့ ကလဲ့စား​ချေ​နေတာလား -_-
....

ဖြန်း....

ရှီရှန်း​ရောက်​​ရောက်​ချင်းမှာပင်​ ပါးရိုက်​ခံလိုက်​ရသည်​။
သူမခန္ဓာကိုယ်​ယိုင်​ခနဲဖြစ်​သွားကာ လဲကျသွားသည်​။

"ကဒ်​!​ဟေ့..မင်းကိုဘယ်​သူကထိုင်​လို့​ပြောလို့လဲ?
ဘာကိစ္စထိုင်​ချပစ်​လိုက်​ရတာလဲ
မင်းကိုယ်​မင်း လင်းတိုက်ယွိ​များမှတ်​​နေလား?
ခဏခဏပြန်​ရိုက်​​နေရတာ​တောင်​ အခုထိ
ကောင်း​ကောင်းမလုပ်​နိုင်​​သေးဘူး!"

စပီကာမှထွက်​လာ​သော ကျယ်​​လောင်​သည့်​အသံ​ကြောင့်
ရှီရှန်းအနည်းငယ်​တွန့်​သွားသည်​။
သူမဘယ်​​ရောက်​​နေသလဲမကြည့်​ရ​သေးခင်​ ​ခေါင်းကို
ခါယမ်းလိုက်​သည်​။သူမ​ရောက်​​နေသည်​က
အလွန်​​ရှေးဆန်​သည့်​ပုံစံဖြင့်​အခန်းတစ်​ခုဖြစ်​ကာ
သူမ​ရှေ့တွင်​ အလှပ​ဂေးတစ်​​ယောက်​ရပ်​​နေသည်​။
သူမ​ရှေ့ရှိ မိန်းမလှက သူမအားအထင်​အမြင်​​သေးသ​လို
စက်​ဆုပ်​ရွံရှာသလိုသာကြည့်​မ​နေဘူးဆိုလျှင်
ထိုမိန်းမကို ​သေချာ​ပေါက်​ပို၍ သ​ဘောကျမိ​ပေလိမ့်​မည်​။

ရှီရှန်း ပတ်​ဝန်းကျင်​ကို ​သေချာရှင်းရှင်းလင်းလင်း
မြင်​ရ​အောင်​​ ကြိုးစား၍ ​ဘေးဘီသို့ ​ဝေ့ဝဲကြည့်​ရှုလိုက်​သည်​။

ရုပ်​ရှင်​ရိုက်​ကွင်း၊ သရုပ်​​ဆောင်​နယ်​ပယ်​၊ဆယ်​လီ​တွေ။

ထိုစကားလုံးများရှီရှန်း​ခေါင်းထဲတွင်​အစီအရီ​ပေါ်လာသည်​။

သူမအသက်​တစ်​ချက်​ရှူသွင်းလိုက်​ကာ မတ်​တပ်​ရပ်
လိုက်​သည်​။သူမ​ရှေ့တွင်​ရပ်​​နေ​သောထိုမိန်းမကိုတစ်​ချက်
ကြည့်​လိုက်​ကာ "ဒီတစ်​​ယောက်​က ခုနကငါ့ကိုရိုက်​လိုက်
တဲ့မိန်းမ​နေမှာ။သူရိုက်​လိုက်​တဲ့အားမျိုးနဲ့ဆိုရင်
ဒီတစ်​​ယောက်​ငါ့ကိုရည်​ရွယ်​ချက်​ရှိရှိလုပ်​တာ"

[DROPPED]Where stories live. Discover now