အမွာစာ

45K 1.4K 30
                                    

စာအုပ်အဖြစ်ထွက်ရှိပြီးဖြစ်တဲ့

* စည်း__✏️

* ကြယ်တွေကြွေသောည 🌠

* ကြယ်တွေကြွေသောည Sequel 🌌

* ထာ၀ရပုံပေ 🌋

* တောင်တောရယ်သာ 🏞

* ဆူး ❤️‍🩹

စာအုပ်တွေအားလုံးကို we distribution online bookshop မှာ မှာယူနိုင်ပါတယ်။
ကျေးဇူးပါ ❤️💛💙

we distribution Facebook Page

📞09250091913
📞09972293371
⌚9:00 Am to 5:00 PM

💕💕💕💕💕💕💕💕💕💕💕💕

နည်းနည်းတော့ ရယ်ချင်စရာကောင်းနေတယ်။

Freddy ရဲ့ ဇာတ်လမ်းကို စရေးတော့ Dark Angel လို့ပေးခဲ့တာ။ ၂၀၁၀/၁၁ ၀န်းကျင်လောက်ကပဲ။ Black Angel လို့ ပေးမလားအရင်စဉ်းစားမိပေမယ့် Black ဆိုတာကြီးကို သဘောမကျသလို ခံစားမိလို့လေ။ ဒါနဲ့ပဲ Dark Angel ဆိုပြီး ရေးရင်းနဲ့ စာမျက်နှာ ၆၀ ကျော်လောက်မှာ ဆက်ရေးလို့မရတော့ဘူး။ ဘယ်လိုမှကို ရေးလို့မရတော့တာ။ ဒီလိုပဲ ပစ်ထားလိုက်တာ ၂၀၁၆ အထိပဲ။ ၂၀၁၆ မှာတော့ wattpad မှာ စည်းကိုတင်ရင်းနဲ့ ဒီဇာတ်လမ်းလေး ဆက်ရေးမယ်ကွာဆိုပြီး ပြန်ဆက်ရေးဖို့လုပ်တယ်။ အဲဒီ့မှာကျတော့ ခေါင်းစဉ် Dark Angel ဆိုတာကြီးကို မကြိုက်တော့ပြန်ဘူး။

ဒါနဲ့ပဲ Freddy နဲ့ Daniel တို့ ဇာတ်လမ်းဟာ Black Angel ဖြစ်သွားတယ်။

အခုကျတော့ရော။ xD

Season 2 ဆက်ရေးမယ်ပေါ့။ တက်ကြွစွာနဲ့ စ ရေးနေရင်းနဲ့မှ ခေါင်းစဉ်ကွဲတာမျိုးပေးချင်လာတယ်။ Black Angel (S2) ဆိုတာထက် Dark Angel လေးဆိုရင် ပိုကောင်းမယ်ပေါ့။ နောက်ပြီးမောင်လေးတစ်ယောက်က Cover လေးလက်ဆောင်လာပေးတာနဲ့ ကြုံသွားတော့ ဇာတ်လမ်းသစ် သီးသန့်တင်ချင်တာ တားမရတော့ဘူး။ ဒါနဲ့ပဲ Dark Angel ဆိုတာကို အတည်ပြုဖြစ်သွားတယ်။

reader တွေ ခေါင်းမူးသွားပြီလား။ xD

ဒါဆိုရင်တော့ အပေါ်ကပြောထားသမျှကို မေ့လိုက်တော့။

Black Angel က Season 1

Dark Angel က Season 2

ဒါ့ကြောင့် Black Angel ကို မဖတ်ရသေးရင် ဒီဇာတ်လမ်းကို အရင်စမဖတ်ကြပါနဲ့လို့နော်။ Online မှာ ရေးရတဲ့ အဓိက အားသာချက်ကတော့ ကိုယ့်ရဲ့အမှားတွေကို သိနိုင်၊ ပြင်နိုင်တာပါပဲ။ ဒါ့ကြောင့် သတ်ပုံ၊ သဒ္ဒါ၊ အကြောင်းအရာတွေ လွဲနေတာမျိုး၊ မှားနေတာမျိုးတွေ့ရင် ကူညီထောက်ပြပေးကြပါနော်။ အားလုံးကိုကျေးဇူးတင်ပါတယ်။

Love you all..

Ma Mon

..................................

ချစ်တို့ရေ

အချိန်တွေလည်း ကြာခဲ့ပြီနော်။ တစ်နှစ်နီးပါးတောင် ကြာသွားတယ်။ ထာဝရပုံပေ ကိုအာရုံစူးစိုက်ရေးချင်တာနဲ့ DA လေးကို မေ့ထားဖြစ်ခဲ့တယ်။ အခု ပြန်ရေးပါတော့မယ်။ အစကနေ အမှားပြန်စစ်ရင်း တစ်ပိုင်းချင်း ပြန်တင်သွားမယ်နော်။ နောက်ပိုင်းတွေ ရေးဖို့ မကြာဖို့ကိုလည်း မျှော်လင့်ပါတယ်။ အရမ်းရေးချင်တဲ့ ဇာတ်လမ်းလေးဖြစ်တဲ့အပြင် အကြာကြီးစောင့်ခိုင်းသလို ဖြစ်သွားတာတွေအတွက် ထပ်ခါထပ်ခါ တောင်းပန်ပါတယ်။ နောက်တစ်ခု သတိပေးချင်တာလေးက ဒီတစ်ပုဒ်ဟာ လုံးဝ warning ပါနော်။ sexual content တွေအတွက်သာ မဟုတ်ပါဘူး။ တချို့ အကြောင်းအရာတွေက မမွန် စိတ်လွတ်ကိုယ်လွတ် ရေးမှဖြစ်မှာမို့ အသက်ငယ်သူ စာဖတ်သူတွေအတွက် စိတ်အနှောင့်ယှက် ဖြစ်နိုင်တာမျိုးလေးတွေ ရှိနိုင်ပါတယ်။ ကြိုတင် သတိပေး တောင်းပန်ပါရစေ။ ဒီတစ်ပုဒ်မှာ မမွန် စည်းလွတ် ဘောင်လွတ် ရေးဖြစ်မှာမို့ပါ။ ခွင့်လွှတ်ပေးကြပါလို့။

အကြင်နာမွန်

၀၈.၀၉.၂၀၁၉

Dark AngelWhere stories live. Discover now