Part 34 (U&Z)

8.1K 1K 140
                                    

ထင်ရှူးပင်ကြီးများသည် ပြိုလဲကျနေသည်။ တောင်စောင်းတစ်လျှောက် လက်နှင့်သပ်ချထားသည်လား ထင်ရအောင် အလဲလဲအပြိုပြိုဖြစ်နေသည်။ အချို့မှာမူ လဲကျနေခဲ့သည်မှာ အချိန်ကာလကြာမြင့်ခဲ့ပြီ ဖြစ်သောကြောင့် ဆွေးမြည့်နေပြီဖြစ်သည်။ ချိုင့်၀ှမ်းကြီး ပတ်ပတ်လည်တွင် မြင့်မားသော ကျောက်ဆောင်များသည် ခိုင်ခံ့သောတံတိုင်းကြီးတစ်ခုလို ၀န်းရံထားသည်။

တစ်နေရာတွင် မြင့်မားသောရေတံခွန်မှ ရေမှုန်ရေဖွားများသည် ဖြာကျနေသည်။ ရေတံခွန်၏ အရှိန်အဟုန်သည် အောက်ခြေထိမရောက်နိုင်။ တစ်ဖက်တွင် ချောင်းငယ်တစ်ခုအဖြစ် အရှိန်ပြင်းပြင်းနှင့် ကျောက်ဆောင်များကြား ၀င်ရောက်ပျောက်ကွယ်သွားသည်။ အခြားတစ်ဖက်တွင်မူ ကြည်လင်သော ရေကန်လေးအဖြစ် ရေတံခွန်၏ ၀ဲဂယက်မှ ကင်းလွတ်စွာ တည်ငြိမ်နေသည်။ လှုပ်လီလှုပ်လဲ့ လှိုင်းငယ်များသာရှိသည်။

ကန့်လန့်ကာတစ်ခုလို ကာရံထားသော ရေတံခွန်ကြီး၏ ရေဖွားများနောက်မှာတော့ ကျောက်ဂူငယ်။ တစက်စက်ကျနေ‌သော ရေစက်သံများသည် ဂီတသံလို ထွက်ပေါ်နေသည်။ စိုစွတ်ထိုင်းမှိုင်းသော ပတ်၀န်းကျင်ကို ‌ေ၀့၀ဲကြည့်ချိန် မှုန်၀ါးသော အရိပ်များကို မြင်တစ်ချက်၊ မမြင်တစ်ချက်။

.

အင်း.. အတောင်ပံမရှိတော့ နတ်လည်းမဟုတ်ဘူး.. နတ်ဆိုးလည်းမဟုတ်ဘူး.. နေစမ်းပါဦး.. ခင်ဗျားက ဘာသတ္တဝါလဲ..

ငါလည်းမသိဘူး ကောင်လေး.. ဘာသတ္တဝါပဲဖြစ်ဖြစ် မင်းကိုကယ်လိုက်တဲ့ သတ္တဝါပဲ..

.

မင်းနှုတ်ခမ်းတွေက အရမ်းလှတယ်..

လှတယ်လို့မပြောရဘူး.. ကျွန်တော် မိန်းကလေးမဟုတ်ဘူး.. သြော်.. ခင်ဗျား မိန်းကလေးဆိုတာလည်း မသိဘူးမဟုတ်လား...

.

ရယ်သံတွေကို ကြားနေရသလို။ ကြည်လင်သောအပြုံးများကို မြင်နေရသလို။ ဘာ့ကြောင့်ရယ်မသိ။ အားလက်စ် ရင်ထဲမှာအောင့်နေသည်။ မခံစားနိုင်လောက်အောင် နာကျင်မိသည်။ ဒန်နရယ်တို့နှစ်ယောက်၏ အချစ်သည် နက်ရှိုင်းလွန်းခဲ့တာကို သူ နားလည်သလောက် သူကတော့ အဖြည့်ခံသက်သက်။

Dark AngelWhere stories live. Discover now