ဇာတ်သိမ်းပိုင်း

10.8K 1.2K 185
                                    

ရေတံခွန်ငယ်များသည် လှေကားထစ်များလို တစ်ထစ်ချင်းစီးဆင်းနေသည်။ အဖြူရောင်ရေလွှာပါးပါးသည် တစ်ဆင့်ပြီးတစ်ဆင့် ခုန်ဆင်းနေသည်။ အားလက်စ်သည် လှေကားထစ်သဖွယ် ဖြစ်နေသော ထိုရေတံခွန်ငယ်နေရာတွင် ခေါင်းမှီထိုင်နေသည်။ မျက်လုံးများကိုမှိတ်ထားသည်မှာ အိပ်ပျော်နေသကဲ့သို့ပင်။ သိပ်မနက်သည့် ရေကန်ငယ်ကြောင့် လှုပ်ခတ်နေသော ရေလှိုင်းများသည် ရင်ဘတ်ထိသာရောက်သည်။ မျက်နှာပြင်ဘေးတစ်ဖက်တစ်ချက်မှ ရေများ အရှိန်ပြင်းပြင်း ဖြတ်သန်းနေသောကြောင့် ဆံပင်နက်များသည် ရေလှိုင်းများကြားတွင် လှုပ်ခါနေသည်။

"တစ်ရက်လောက်ပဲဖြစ်ဖြစ်ကွာ.."

ဒန်နရယ်၏ စကားသံကိုကြားတော့ မျက်လုံးများမှိတ်ထားရာမှ အားလက်စ်ပြုံးသည်။ ဆုပ်ကိုင်ထားသော လက်ဖ၀ါးကို တင်းနေအောင် ဖျစ်ညစ်ဖြစ်သည်။ ဒန်နရယ်သည် အားလက်စ်ဘေးတွင် ပခုံးချင်းယှဥ်ကာ ထိုင်နေခြင်းဖြစ်သည်။ အားလက်စ်၏ ပခုံးတစ်ဖက်ပေါ်တွင် ခေါင်းကိုမှီချထားသည်။

"ခင်ဗျားမှာ အချိန်မရှိတော့ဘူး မဟုတ်လား ဒန်နရယ်.."

"အင်း.."

လပြည့်၀န်းသည် ၀ိုင်းစက်စွာ ကောင်းကင်ပြင်ထက် တရွေ့ရွေ့ခရီးသွားနေသည်။ လရောင်ဆမ်းသော ရေကန်ငယ်လေးသည် ငွေရောင်လဲ့နေသည်။ အဖူးအငုံအဖြစ် အိပ်မောကျနေသော တောရိုင်းပန်းပွင့်လေးများသည် လေအ‌ေ၀ှ့တွင် ယိမ်းခါသွားသည်။

"အချိန်မဆွဲနဲ့လေဗျာ။ ကျွန်တော် သေပေးရမယ်ဆိုရင်တောင် ခင်ဗျားအသက်ရှင်နေဖို့လိုတယ်။"

အားလက်စ်၏ ပခုံးကိုမှီထားသည့် ဒန်နရယ့်ခေါင်းသည် ခပ်မတ်မတ်ဖြစ်သွားသည်။ ခေါင်းကိုထူကာ အားလက်စ်ကို လှည့်ကြည့်သည်။

"ဘာရယ် အားလက်စ်.."

"ကျွန်တော့်ဆီက တန်ခိုးရမှ ခင်ဗျားအသက်ဆက်ရှင်ပြီး လုပ်ချင်တာတွေ လုပ်လို့ရမယ် မဟုတ်လား။"

ဒန်နရယ်ထံမှ တုန့်ပြန်သည့် စကားသံကိုမကြားရ။ အချိန်အတန်ကြာအောင် တိတ်ဆိတ်နေ၍ အားလက်စ် မျက်လုံးဖွင့်ကြည့်သည်။

Dark AngelWhere stories live. Discover now