Part 14 (U&Z)

7.4K 1K 13
                                    

အနှောင်အဖွဲ့များ ပျောက်ကွယ်သွားသည်။ ချုပ်နှောင်မှုအားလုံးမှ အားလက်စ် လွတ်မြောက်သွားသည်။ ကျိန်းစက်သွားသော မျက်လုံးများကို မှိတ်လိုက်ရသည်။ မမြင်ရသည့် အကာအကွယ်တစ်ခုဖြင့် ဖုံးကာခြင်း ခံလိုက်ရသလို အားလက်စ်၏ ပတ်၀န်းကျင်တွင် ရွှေရောင်လဲ့နေသော အလင်းတန်းများ ရှိနေသည်။ တောအုပ်တစ်ခုလုံး ပြင်းထန်သောလေပြင်းဒဏ်ကို အလူးအလဲခံနေရပေမယ့် အားလက်စ်ရှိနေရာ နေရာမှာတော့ လုံခြုံနေသည်။

စိတ်လောစွာ မော့ကြည့်လိုက်သည်။ မိမိကိုကျောခိုင်းရပ်နေသည့် ရွှေရောင်ဆံပင်ရှည်များပိုင်ရှင် လူငယ်၏ပုံစံကို ရင်းရင်းနှီးနှီး မြင်ဖူးနေသလိုပင်။ ခေါင်းထဲမှ စူးကိုက်နာကျင်မှုသည် ရပ်မသွားသေး။ လှိုက်ဖိုနေသော ရင်ထဲမှစိုးရိမ်မှုသည် တစ်စုံတစ်ယောက်အတွက်သာ။

"မမ"

အားကုန်ရုန်းထပြီး ဖလော်ရာရှိနေရာသို့ ပြေးလိုက်ရန် ပြင်လိုက်သည်။ သို့ပေမယ့် အလင်းတန်းများသည် သူ့ကို ထွက်ခွာခွင့်မပေး။ လှောင်ချိုင့်ထဲရောက်နေသလို ပိတ်ဆို့ထားကြသည်။

"ဒန်နရယ်.. မင်း ဘာလုပ်တာလဲ။"

"အရှင်။ ကျုပ်တို့ သူ့ကိုအရှင်ထားလို့မဖြစ်ဘူး။"

"ငါတို့က နှစ်ယောက်နော် ဟေ့ကောင်။ မင်းကိုယ်မင်း တန်ခိုးရှင်ဆိုပြီး အထင်ကြီးမနေနဲ့။ ဖယ်စမ်းပါ။ ဒီကောင့်ကို အခုသတ်မှဖြစ်မယ်။"

ကြားလိုက်ရသည့် စကားသံများကြောင့် အားလက်စ် တုန်လှုပ်သွားသည်။ မယုံကြည်နိုင်မှု၊ အံ့သြသင့်မှု၊ ဒေါသများ ခံစားချက်မျိုးစုံနှင့်အတူ ခေါင်းထဲမှပူကိုက်မှုသည် မခံမရပ်နိုင်လောက်အောင် ဆိုးရွားလာသည်။

ဒန်နရယ်..

ဒီနာမည်နှင့်ပတ်သက်ပြီး ယခုအချိန်မှာ သူ ဘာမှနားမလည်ချင်။ ယခုချက်ချင်း ဖလော်ရာနားရောက်နေချင်သည်။ သွေးဆာနေသော လူများလက်မှ ကာကွယ်ပေးချင်သည်။ အားလက်စ်မြင်နေရသည်။ ဖလော်ရာလေးသည် အလဲလဲအပြိုပြိုနှင့် နတ်ဘုရားကျောင်းဆီ အရောက်ပြေးနေသည်။ သူမဘးနားတွင် သစ်ပင်ကြီးများသည် သရဲတစ္ဆေကောင်များလို ယိမ်းထိုးနေသည်။ သစ်ကိုင်းကျိုးများ သစ်ရွက်ကြွေများသည် သူမကိုယ်ပေါ် အဆက်မပြတ်ကျနေသည်။ ဆိုင်ရှင်ဦးဆောင်သောလူအုပ်သည် သူမကို မီတော့မည်ဖြစ်သည်။ အသက်လွတ်အောင် ကြိုးစားပြေးနေသော နုနယ်ယိုင်နဲ့နေသော ဖလော်ရာ၏ ပုံရိပ်သည် လရောင်အောက်တွင် ကြည့်ရက်စရာမရှိ။

Dark AngelWhere stories live. Discover now