အပိုင်း - ၁

70.8K 3.3K 30
                                    

[Unicode]

"မသွားပါနဲ့မေမေ မေမေ သားကိုမထားခဲ့ပါနဲ့"

ဟိန်းသူ မေမေ့အင်္ကျီကိုဆွဲထားသည်။ဟိန်းသူတောင်းပန်ပါသည်။တောင်းပန်နေတာဘယ်နှစ်ကြိမ်မှန်းတောင် သူကိုယ်တိုင်ပင်မသိတော့ပါ။သူ့အတွက်အရေးကြီးဆုံးကမေမေသူ့ကိုထားမသွားဖို့ပါပဲ။သူမေမေနဲ့ပဲအတူတူ နေချင်တယ်။မေမေရှိနေလျက်နဲ့မိထွေးနဲ့ဟိန်းသူမနေချင်ပါဘူး။မေမေနဲ့အတူတူသူလိုက်သွား ချင်မိသည်။သို့သော် မေမေသူ့ကိုထားသွားခဲ့သည်။

"သားလေး လူတိုင်းကိုမယုံကြည်နဲ့နော် မိန်းမတွေအကုန်လုံးကကြောက်ဖို့ကောင်းတယ်သား မေမေအပါအဝင်ပေါ့"

ဒီစကားတစ်ခွန်းပါပဲ။မေမေသူ့ကိုပြောသွားသည်ကဒီစကားလေးတစ်ခွန်းတည်းပါပဲ။ဒီစကားတစ်ခွန်းကဟိန်းသူရဲ့
ရင်ထဲကိုသံမှိုရိုက်သွင်းလိုက်သလိုပင်အမြစ်တွယ်သွားခဲ့သည်။

"သူ့ကိုဆွဲခေါ်ထားလိုက်"

ဖေဖေရဲ့အသံ။ဖေဖေ မေမေ့အပေါ်ရက်စက်တယ်။ဖေဖေဖောက်ပြန်ခဲ့တယ်။အခုမေမေနဲ့ကွာရှင်းပြီးတခြားမိန်းမတစ်ယောက်ကိုအိမ်ပေါ်ခေါ်တင်လာတယ်။အရမ်းမုန်းတယ်ဖေဖေ။ကျွန်တော်အရမ်းမုန်းတယ်။

"မေမေ မေမေ မသွားပါနဲ့ သားလည်းလိုက်မယ်"

မေမေ သူ့ကိုကျောခိုင်းသွားခဲ့ပြီ။ဟိန်းသူလိုက်သွားချင်သည်။သို့သော်ဖေဖေ့လူတွေကအတင်းချုပ်ထားသည်။ဟိန်းသူမရုန်းနိုင်ပါ။ဆယ့်နှစ်နှစ်သားအရွယ်ကောင်လေးရဲ့အင်အားကဒီအားကောင်းလှတဲ့ဖေဖေ့လူတွေကိုမနိုင်ပါ။ထိုနေ့မှစ၍ အရင်ကပြုံးပျော်သွက်လက်နေတဲ့ဟိန်းသူဆိုတဲ့ကောင်လေးရဲ့နှလုံးသားဟာသေဆုံးသွားပြီးဟန်ဆောင်မှုတွေနဲ့ပြည့်နှက်နေသည့်အေးစက်မာကျောတဲ့ဟိန်းသူအဖြစ်သို့ပြောင်းလဲသွားခဲ့သည်။အချိန်တွေကြာလာသည်နှင့်အမျှဟိန်းသူတစ်ယောက်ဟန်ဆောင်မှုတွေနဲ့ပိုပြီးနေသားတကျဖြစ်လာခဲ့လေသည်။

"သခင်လေး သခင်လေး ဒေါ်ကြီးပါ ဝင်ခဲ့မယ်နော်"

"ဝင်ခဲ့ ဒေါ်ကြီး"

"သခင်လေး မမကြီးက မနက်စာစားဖို့စောင့်နေပါတယ်"

"ဒေါ်ကြီးဒီအတွက်ကျွန်တော့်ကိုလာခေါ်တယ်ဆိုထုံးစံအတိုင်းပဲပြန်ဆင်းသွားလိုက်ပါ"

ချစ်ရ​ပါသော"ညီ"Where stories live. Discover now