အပိုင်း - ၂၂

22.8K 1.5K 82
                                    

"ဟယ် ..."

ဟိဏ်းဆက်တစ်ယောက် စကားလေးတောင်ဆုံးအောင်ပြောခွင့်မရလိုက်ဘဲ ကေသွယ့်အသံကဖုံးလွှမ်းသွားသည်။

"ဟဲ့ ... အဆက် ... ညကအဆင်ပြေလား ... လမ်းရောလျှောက်နိုင်လား ဘယ်လိုလဲ အတွေ့အကြုံလေးပြောပြစမ်းပါ၊ ဟာ ... ဘယ်လိုဖြစ်နေတာလဲ၊ ဒီမှာမေးနေတယ်လေငြိမ်ငြိမ်နေကြ"

ဖုန်းထဲကနေတစ်ယောက်တစ်ပေါက်နဲ့ပြောချင်တာတွေပြောနေကြသည့် ကေသွယ်တို့အဖွဲ့ကြောင့် ဖုန်းနဲ့နားကိုခေတ္တခဏခွာထားလိုက်ရသည်။

"မသာမရေ ဆူညံနေတာပဲ ... ဘာတွေလဲ ... နင်တို့အားယားနေတာလား"

"ဟုတ်တယ် အားယားနေတယ်၊ အဲ့တာကြောင့် ဆိုင်ထိုင်နေတာ"

"အေး နင်တို့ပဲထိုင် ... ငါတော့မထိုင်နိုင်ဘူး"

"ဟာ ... အစ်ကိုဟိန်းသူကအဲ့လောက်တောင်ပဲလား၊ Poorဟိဏ်းဆက် ဆေးဝယ်ပေးရဦးမလား"

"ဟာ ... မသာမရေ ... ဘာတွေပြောနေတာလဲ၊ နင်ထင်သလိုတွေမဖြစ်ဘူး ရှင်းပြီလား၊ ညကနင်ပေးသွားတဲ့ နွားနို့နဲ့ ကြက်ဥ ငါသောက်လိုက်ရတယ်"

"ဟာ ... ဘုရားရေ ... နင်တို့ role ချိန်းသွားတာလား"

"သေနာမ နင်တွေးလိုက်ရင်အဲ့ဒါပဲ၊ မနေ့ကငါပင်ပန်းနေလို့ အစ်ကိုကငါ့ကိုတိုက်တာ သူမသောက်ဘူးတဲ့ဆိုလို့ ငါသောက်လိုက်တယ်၊ နွားနို့ကအရသာအရမ်းရှိတာပဲသိလား၊ ကြက်ဥလေးကလည်းကောင်းတယ်၊ ကျေးဇူးပဲ သွယ်သွယ်မရေ"

"အေးပါဟယ် ... ငါပေးမိတာတောင်နှမြောတယ်၊ နင့်ဟာကြီးကဥပုသ်စောင့်နေတာလား"

"နင်လိုမိန်းကလေးနဲ့ငါဘာစကားတွေပြော ..."

ဟိဏ်းဆက်၏စကားမဆုံးသေးခင်တွင် လက်ထဲကဖုန်းကိုဟိန်းသူကလုယူသွားလေသည်။ တစ်ဖက်ကကေသွယ်ဖုန်းပြန်ခေါ်ပါသော်လည်း ဖုန်းမကိုင်တော့ပါ။

"အစ်ကိုဘယ်လိုလုပ်လိုက်တာလဲ"

"မသိဘူး ... အခုကိုယ့်အလှည့်ရောက်ပြီမလား"

ဟိဏ်းဆက်ကိုအပေါ်မှအုပ်မိုးလိုက်ပြီး ပါးလေးကိုနှာခေါင်းနစ်ဝင်သွားသည်အထိ နမ်းပစ်လိုက်သည်။

ချစ်ရ​ပါသော"ညီ"Kde žijí příběhy. Začni objevovat