အပိုင်း - ၃

34.9K 2.4K 84
                                    

[Unicode]

ဟိန်းသူကျောင်းသွားရန်ပြင်ဆင်နေစဉ် ဟိန်းသူ၏အခန်းတံခါးကိုတစ်စုံတစ်ယောက်ကလာခေါက်သည်။

"ဒေါ်ကြီးလား"

"မေမေလေးပါ"

ဟိန်းသူမျက်နှာချက်ချင်းအေးတိအေးစက်ဖြစ်သွားပြီးတံခါးသွားဖွင့်လိုက်သည်။ဟိန်းသူတံခါးဖွင့်လိုက်သည်နှင့်မေမေလေးကဟိန်းသူကိုပြုံးပြသည်။

"ဟိန်းသူ မေမေလေးမနက်ဖြန်အလုပ်ကိစ္စနဲ့ခရီးထွက်ရမယ် ၊ အဲ့တာ မင်းကို သော့တွေလာပေးထားတာ"

ဟိန်းသူ ဒေါ်မေဦး လှမ်းပေးလာတဲ့သော့တွဲတွေကိုယူပြီးတံခါးကိုချက်ချင်းပြန်ပိတ်သွားသည်။ ဒေါ်မေဦး‌၏မျက်နှာ လေး‌ညှိုးငယ်သွားသည်။အခုထက်ထိ အမြင်မကြည်သေးဘူးလားဟိန်းသူရယ်။သူမတစ်ခါတစ်လေဝမ်းနည်းမိသည်။

သော့တွဲတွေကိုအံဆွဲထဲထည့်ပြီးFacebookလေးဖွင့်ကြည့်လိုက်တော့Groupအသစ်လေးတစ်ခုတိုးလာသည်ကိုတွေ့လိုက်ရသည်။ကေသွယ်တို့အဖွဲ့နဲ့ပိုင်ဇေတို့ဖွဲ့ထားကြတဲ့Groupလေးဖြစ်နေသည်။ဟိန်းသူကတော့ Groupထဲကထွက်လည်းမထွက်သလိုစကားလည်းဝင်မပြောပါ။တစ်ခါတစ်လေMessenger Notiတောင်ပိတ်ထားလေ့ရှိသည်။Groupထဲမှာအပြောနိုင်ဆုံးကတော့ဟိဏ်းဆက်ပင်ဖြစ်သည်။

စကားပြောချက်ကတော့အသံကိုဆူညံနေပါတော့သည်။Messengerအသံကအဆက်မပြတ်ထွက်လာသည်။ဘယ်လိုဟာလေးလဲမသိဘူး။တော်တော်လည်းပြောနိုင်တယ်။

ဟိန်းသူရဲ့လက်ကမထင်မှတ်ဘဲဟိဏ်းဆက်ရဲ့wallထဲကိုဝင်ကြည့်ရန်နှိပ်လိုက်မိသည်။

Profileပုံလေးက Hoddieအနက်ရောင်လေးနဲ့Lolipop
လေးကိုင်ပြီးကလေးလေးတစ်ယောက်လိုအပူအပင်မရှိရယ်နေတဲ့ပုံလေးကိုမြင်ပြီးဟိန်းသူပြုံးလိုက်မိသည်။

"ချစ်ဖို့တော့ကောင်းသားပဲ"

ဟိဏ်းဆက် - မနက်ဖြန်ကျောင်းတက်ရတော့မယ် ပျော်လိုက်တာ ရင်တွေခုန်နေပြီ

ကျော်စွာ - ငါရောပဲ ငါရောပဲ မတ်မတ်တွေနဲ့တွေ့ရတော့မယ်

မြင့်မြတ် - စောင်နှာဗူးကတစ်မျိုး

ချစ်ရ​ပါသော"ညီ"Where stories live. Discover now