အပိုင်း - ၄

32.3K 2.4K 126
                                    

Unicode

"ကောင်လေးဒါဘာလုပ်နေတာလဲ"

အရှောင်ကောင်းသောဟိဏ်းဆက်ဒီတစ်ခါတော့ကေသွယ်နဲ့တည့်တည့်တိုးပါတော့သည်။

"ကေ ကေ ကေသွယ် ဘယ်တုန်းက ရောက် ရောက်နေတာလဲ"

ဟိဏ်းဆက် စကားပြောတာတောင် အထစ်ထစ်အငေါ့ငေါ့
ဖြစ်ကုန်သည်။ကေသွယ်ကဒီဗေးလ်အပြုံးကြီးနဲ့ကြည့်နေလေသည်။

"ပြောရမယ်ဆိုရင် နင်ဒီမှာရပ်ကျန်ခဲ့ကတည်းကဆိုပါတော့"

"ဒါဆိုမြင်သွားတာပေါ့နော်"

"မြင်တာပေါ့ ၊ ကွက်ကွက်ကွင်းကွင်းကိုမြင်တာ ၊ နေပါဦး နင်အဲ့အစ်ကိုကိုကြိုက်နေပြီမလား"

"ဘာ!!!ငါကဘာလို့ကြိုက်ရမှာလဲ ၊ ငါကမိန်းကလေးတွေပဲကြိုက်တာမိန်းကလေးတောင်ကိတ်မှ"

"အေးပါ အေးပါ ထားပါတော့လေ ၊ မကြိုက်လို့ပဲဓာတ်ပုံခိုးရိုက်ပြီးသိမ်းထားတယ်လို့ပဲမှတ်ယူလိုက်ပါတော့မယ်"

"သွားမယ် သွားမယ် ၊ နင်က‌လေလျှာကိုရှည်တယ်"

"ဟားဟား ဘယ်ကိုသွားမလို့လဲ ၊ လှေကားကဒီမှာလေ"

ဟိဏ်းဆက် ကေသွယ်သိသွားပြီဆိုတဲ့အတွေးကြောင့်ပူထူ
သွားပြီးဟိန်းသူရှိရာဘက်သို့ထွက်သွားမိတာကြောင့်‌ကေသွယ်ကလှမ်းအော်လိုက်သည်။

"ငါမေ့သွားလို့ပါ လာသွားမယ်"

‌ကေသွယ် အနောက်ကနေတဟားဟားနဲ့အော်ရယ်ပြီးလိုက်လာလေသည်။

"တော်ပါတော့ကေသွယ်ရာ ၊ ကန်တင်းတောင်ရောက်နေပြီ ၊ နင်ရယ်လို့မဆုံးသေးဘူးလား"

"နင့်မြင်တာနဲ့ကိုရယ်ချင်လာတာ ၊ ရှက်နေလိုက်တာများမျက်နှာကြီးကိုနီရဲလို့"

"နင့်ကိုဘာမှကိုမပြောတော့ဘူး ၊ အန်တီရေ မှာမယ်"

"လာပြီ"

"အန်တီသားကိုကော်ဖီအေးနဲ့ပသျှူးထမင်းကြော်စပ်စပ်လေးလုပ်ပေးပါနော် ၊ ဟဲ့ ကေသွယ် နင်ဘာစားမှာလဲ"

"အန်တီသမီးကိုနို့သစ်ခွနဲ့မြေအိုးမီးရှည် ချဉ်ချဉ်စပ်စပ်လေးနော်"

ချစ်ရ​ပါသော"ညီ"Where stories live. Discover now