အပိုင်း - ၁၅

26.3K 1.8K 56
                                    

Unicode

"အစ်ကို! အစ်ကိုတို့ကအတွဲလားခင်ဗျ"

ဟိန်းသူနှင့်ဟိဏ်းဆက်တို့ဒိတ်လုပ်နေသည့်အချိန်တွင်ကောင်လေးတစ်ယောက်သည်သူတို့နှစ်ဦးအနားသို့ရောက်လာပြီးမေးသည်။

"ဟင်! ဟို ဟို ....."

"ဟုတ်ပါတယ် ဘာလို့လဲ"

ဟိဏ်းဆက်ဖြေရန်ခက်ခဲနေသည့်အချိန်တွင်ဟိန်းသူသည်ထို‌ကောင်လေး၏‌မေးခွန်းကိုဝင်ဖြေလိုက်သည်။ဟိဏ်းဆက်သည်ဟိန်းသူအခုလိုပြန်ဖြေလိမ့်မည်ဟုမထင်မှတ်ထားသည့်အတွက်အံ့ဩသွားရသည်။

"ဓာတ်ပုံလေးရိုက်လို့ရမလားခင်ဗျာ့"

"ဒါကိုတော့ငြင်းပါရစေနော် ၊ လူတွေရဲ့အာရုံစိုက်မှုတွေကိုမလိုချင်လို့ပါ"

"ဟုတ်ကဲ့ပါ အခုလိုတွေ့ရတာကိုဝမ်းသာပါတယ်နော် ၊ သာယာပျော်ရွှင်တဲ့ဘဝလေးကိုပိုင်ဆိုင်နိုင်ပါစေခင်ဗျာ့"

"ဟုတ်ကဲ့ပါ ပေးတဲ့ဆုနဲ့ပြည့်ပါစေဗျာ"

ဟိန်းသူသည်မီဒီယာ‌ပေါ်တွင်ကျော်ကြားရမည်ကိုလုံးဝမလိုလားပါ။အပင်မြင့်လေ လေတိုက်လေဆိုတဲ့စကားလည်းရှိသေးသည်မို့ဟိဏ်းဆက်ထိခိုက်မည့်ကိစ္စမျိုးကိုသူဘယ်တော့မှလုပ်မည်မဟုတ်ပါ။

"အစ်ကိုဘာလို့ငြင်းလိုက်တာလဲဟင်"

"ကိုယ်ညီ့ကိုပြောထားတယ်လေ ၊ ညီ့ကိုတခြားသူတွေကြည့်မှာကိုယ်မကြိုက်ဘူး ၊ ညီကကိုယ်တစ်ယောက်တည်းအတွက်သီးသန့်‌မွေးဖွားလာတဲ့လူသားလေးမို့လို့"

"အစ်ကိုကလည်းဗျာ ပြောလည်းပြောတတ်တယ် ၊ အစ်ကိုအဲ့လိုပြောရင်သဘောကျလွန်းလို့ကြက်သီးတွေတောင်ထတယ်"

"မှန်တာပြောရင်ညီနဲ့ညားရပါလို၏"

"အစ်ကို!!!"

"ဟားဟား စွာတေးလေးကရှက်နေပြန်ပြီပဲ ၊ စားစား ပြီးရင်ပြန်ကြမယ် ၊ နောက်ကျရင်အန်တီနဲ့ဦးစိတ်ပူနေရမယ်"

"ဟုတ်!"

ဟိဏ်းဆက်စားနေသည်ကိုဟိန်းသူသည်အမြတ်တနိုးထိုင်ကြည့်နေလေသည်။

"မာမီ! သမီးအစ်ကိုဟိန်းသူကိုသ‌ဘောကျတယ်လို့ပြောထားတယ်လေ ၊ မာမီပေးစားတဲ့သူကိုမယူဘူး"

ချစ်ရ​ပါသော"ညီ"Where stories live. Discover now