အပိုင်း - ၆

28K 2.1K 51
                                    

Unicode

"ဟုတ်ကဲ့ ၊ အခုအချိန်က King & Queen Selectionလေးတွေရဲ့အလှည့်ကိုကျ‌ရောက်လို့လာပြီပဲဖြစ်ပါတယ်ရှင် ၊ ဟိုးနောက်ကမဲပုံးလေးထဲမှာကိုယ်ပေးချင်တဲ့လူရဲ့နာမည်လေးတွေရေးပြီးမဲပေးကြပါနော်"

ဟိဏ်းဆက်၏စကားသံဆုံးသွားသည်နှင့်တစ်ပြိုင်နက်ခန်းမထဲရှိလူတွေအကုန်ရှုပ်ကုန်တော့သည်။ဟိဏ်းဆက်သည်ခြေထောက်တွေအရမ်းနာလွန်းလို့မတ်တပ်ပင်ကောင်းကောင်းမွန်မွန်ရပ်၍မရနိုင်တော့သည်အထိဖြစ်လာသည်။

"ဟဲ့ အဆက် အဆင်ပြေရဲ့လား"

အဆက်၏အခြေအနေကိုမြင်နေရသောကေသွယ်သည်ဟိဏ်းဆက်အနားသို့ရောက်လာပြီးမေးသည်။

"မပြေဘူး မပြေဘူး ၊ ငါငိုတောင်ငို‌ချင်နေပြီ ၊ ဖိနပ်ကလည်းနာတယ် ၊ အတုတွေကလည်းစိတ်ကျဉ်းကြပ်လာတယ် ၊ ငါတကယ်ငိုချင်နေပြီ"

"အဲ့တာဆိုငါအစ်ကိုတို့ကိုသွားပြောပေးမယ်လေ ၊ လူလဲခိုင်းလိုက်တော့မယ်"

"အေး သွားပြောပေးတော့ ၊ ငါထတောင်မထချင်တော့ဘူး"

ဟိဏ်းဆက်တကယ့်ကိုမခံစားနိုင်တော့လွန်းသည့်အတိုင်ူအတာကြောင့်လူလဲပေးဖို့ပြောခိုင်းလိုက်ရသည်။သူ့စိတ်ထဲရှိသည့်အတိုင်းသာဆိုဤနေရာတွင်သာအကုန်ဆွဲချွတ်ပြီးအော်ဟစ်ငိုပစ်မိတော့မည်။

"ဘယ်လိုဘဝကြီးလဲ!!!"

စီနီယာအစ်ကိုတွေကိုသွားပြောပေးသည့်ကေသွယ်သည်စီနီယာအစ်ကိုများ၏အနောက်တွင်ရပ်နေသောဟိန်းသူကိုလှမ်းမြင်လိုက်သည့်အခါ စီနီယာအစ်ကိုတွေကိုကျော်ပြီး ဟိန်းသူဆီသို့တန်းတန်းမတ်မတ်ကြီးလျှောက်သွားပါတော့သည်။

"ဟို ဟို အစ်ကိုဟိန်းသူ"

သူ့နာမည်ကိုခေါ်လိုက်သည့်မိန်းကလေး၏အသံကိုကြားလိုက်သည်ကြောင့်ဟိန်းသူလှည့်ကြည့်လာသည်။

"အစ်ကိုဟိန်းသူ ညီမကိုမှတ်မိတယ်မလားဟင် ၊ ဟိဏ်းဆက်ရဲ့သူငယ်ချင်းလေ"

"အင်း"

"အစ်ကို ဟိဏ်းဆက်ကိုကူညီပါဦး ၊ သနားပါတယ် ၊ လမ်းတောင်မလျှောက်နိုင်တော့ဘူး ၊ သနားပါတယ် ၊ ကူညီပါဦးနော် ၊ စင်ပေါ်မှာလဲနေပြီ ၊ ထတောင်မထနိုင်တော့ဘူး ၊ ကူညီပါအစ်ကိုရယ် ၊ ကျန်တဲ့စီနီယာတွေကလည်းမအားကြဘူး ၊ ညီမသူငယ်ချင်းလေးသနားပါတယ်"

ချစ်ရ​ပါသော"ညီ"Wo Geschichten leben. Entdecke jetzt