အပိုင်း - ၁၀

27.3K 2.1K 42
                                    

Unicode

"ဟိန်းလေး! ဟိန်းလေး! မမရေ ဟိန်းလေးပြန်လာပြီ"

ဟိန်းသူအိမ်ထဲသို့ဝင်လာသည်ကိုဒေါ်မေဦးမြင်လိုက်ရသည့်အခါစိုးရိမ်နေသည့်စိတ်တွေအကုန်ပပျောက်ကုန်ရသည်။မနေ့ကလည်းတစ်ညလုံးအိမ်သို့ပြန်မလာသည့်ဟိန်းသူကိုဒေါ်မေဦးစိုးရိမ်နေခဲ့ရသည်။ယခုဟိန်းလေးကိုမြင်လိုက်ရသည့်မခါသူမစိုးရိမ်နေရသည့်စိတ်တွေအကုန်ပပျောက်ကုန်သည်။

"ထိခိုက်မိလာတာတွေဘာမှမရှိဘူးမလား"

"ကျွန်တော်နားချင်ပြီ"

ဟိန်းသူသည်ဒေါ်မေဦးသူ၏လက်ကိုဆုပ်ကိုင်ထားသည်ကိုလွှတ်ချလိုက်ပြီးအပေါ်ထပ်သို့တက်သွားခဲ့သည်။

"ဟိန်းလေး!"

"လွှတ်ထားလိုက်ပါမေဦး ၊ သူအမှန်တရားကိုလက်ခံလိုက်တဲ့တစ်နေ့ကျရင်သူအဆင်ပြေသွားလိမ့်မယ်"

"ဟိန်းလေးမျက်နှာလေးချောင်ကျသွားတယ် ၊ မနေ့ညကပြန်မလာတာဘယ်မှာသွားနေတာလဲမသိဘူးမမရယ်"

မနက်ခင်း၏နေရောင်ခြည်သည် ဟိန်းသူ၏မျက်နှာပေါ်သို့ကျရောက်လာသည်။ဟိန်းသူမျက်မှောင်ကြုံ့ကာလက်ဖြင့်မျက်နှာကိုကာလိုက်သည်။ညကငိုထားသည့်အရှိန်ကြောင့်ခေါင်းကိုက်နေသည်။ဟိန်းသူထထိုင်လိုက်ပြီးသက်ပြင်းတစ်ချက်ချလိုက်သည်။

"ဟူး"

ဟိန်းသူသည်ရေချိုးခန်းထဲသို့ဝင်ပြီးဖွင့်ထားသောရေပန်းအောက်တွင်ဝင်ရပ်လိုက်သည်။

မေမေပျော်နေတယ်။မေမေကသူချစ်တဲ့သူတွေနဲ့ပျော်နေပြီ။ကျွန်တော်လည်းကျွန်တော်ချစ်တဲ့သူတွေနဲ့ပျော်လို့ရတယ်မလားမေမေ။မေမေပျော်နေသလိုသားလည်းပျော်ပျော်နေမယ်မေမေ။

သိန်းသူသည်ရေချိုးခန်းထဲမှထွက်လာပြီးဗီရိုကိုဖွင့်လိုက်သည်။အနက်ရောင်ရှပ်အင်္ကျီတွေချိတ်ထားသည်ကိုဖယ်ပြီး
ခေါက်ထားသောရှပ်အပြာရောင်နုနုလေးကိုဆွဲထုတ်လိုက်သည်။ဆံပင်ကိုအပြောင်မသိမ်းတော့ဘဲအကုန်ရှေ့ချထားသည့်ဆံပင်ခပ်အုပ်အုပ်ကလေးနဲ့ဟိန်းသူသည်ပို၍ကြည့်ကောင်းနေသည်။ဟိန်းသူသည်‌ဒေါ်ကြီးမနက်စားရန်လာမခေါ်ခင်အရင်ဆင်းလာသည်။ဟိန်းသူသည်အောက်ထပ်သို့ဆင်းလာပြီးထမင်းစားခန်းထဲသို့ဝင်လာသည်။ဒေါ်မေဦးသည်ဟိန်းသူကိုမြင်လိုက်ရသည့်အခါအထိတ်တလန့်နဲ့ထိုင်နေရာမှထလိုက်သည်။

ချစ်ရ​ပါသော"ညီ"Where stories live. Discover now