အပိုင်း - ၁၉

25.6K 1.5K 76
                                    

Unicode

"အစ်ကို ဖုန်းလာနေတယ်!"

ဟိန်းသူသည် ရေချိုးခန်းထဲမှ လှမ်းအော်၍ မေးလိုက်သည်။

"မသိဘူး၊ နံပါတ်အစိမ်းကြီး ... မြန်မာနိုင်ငံကနံပါတ်လည်းမဟုတ်ဘူး"

ဟိဏ်းဆက် ဖုန်းကိုကိုင်လိုက်သည်။ တစ်ဖက်မှထွက်ပေါ်လာသည့် အသံသည် မိန်းကလေးတစ်ယောက်၏အသံဖြစ်နေသည်။

"ဟယ်လို!"

"ဘယ်သူလဲမသိဘူး"

"ကိုဟိန်းသူရဲ့ဖုန်းမဟုတ်ဘူးလား"

"ဟုတ်ပါတယ်၊ အခု အစ်ကိုကရေချိုးနေလို့ပါ"

တစ်ဖက်မှမိန်းကလေးသည် ပြုံးလိုက်သည်။

"ဒါဆို အခုဖုန်းကိုင်တာ ဟိဏ်းဆက်လား"

"ဟုတ်ပါတယ်၊ ကျွန်တော့်ကို ဘယ်လိုများသိတာလဲ"

"မမှတ်မိဘူးလား ... တို့ကမြိုင်လေ ... မြိုင်နံ့သာ"

"ဟမ်! နင်ကဘယ်လို"

"တကယ်ပဲကွာ ... ကိုဟိန်းကမပြောရသေးဘူးထင်တယ်"

"ဘာကိုမပြောရသေးတာလဲ"

ဟိဏ်းဆက်၏အသံသည် ဒေါသသံဖြစ်လာသည်။ ဟိဏ်းဆက်၏အသံကြောင့် မြိုင်ပြုံးမိသည်။

"မေးကြည့်လိုက်လေ၊ မြိုင်နဲ့ကိုဟိန်း ဘယ်လိုပတ်သက်လဲဆိုတာ ... ကိုဟိန်းထွက်လာရင် မြိုင့်ဆီဖုန်းပြန်ဆက်ပေးဖို့ပြောပေးနော်"

မြိုင်နံ့သာဘက်မှ ဖုန်းအရင်ချသွားသည်။ ဟိဏ်းဆက်သည် ဟိန်းသူ၏ဖုန်းကို လက်ထဲတွင်ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားပြီး ရေချိုးခန်းထဲမှထွက်လာသည့်ဟိန်းသူကို မျက်မှောင်ကြီးကြုံ့ပြီး စိုက်ကြည့်နေသည်။

"ညီ ဘယ်သူတဲ့လဲ"

"ခင်ဗျား ဘာလို့အဲ့လိုလုပ်ရတာလဲ"

"ဘာကိုလဲညီရဲ့၊ ကိုယ်ဘာလုပ်မိလို့လဲ"

ဟိန်းသူသည် မျက်နှာကိုရေသုတ်ရင်း မေးလိုက်သည်။ ဟိဏ်းဆက်သည် ဖုန်းကိုကုတင်ပေါ်ပစ်တင်လိုက်ပြီး ဟိန်းသူ၏‌ခြေထောက်ကို တစ်ချက်ဆောင့်ကန်ကာ ထွက်သွားသည်။

ချစ်ရ​ပါသော"ညီ"Where stories live. Discover now