အပိုင်း - ၁၃

27.6K 2K 38
                                    

Unicode

အဆက်ကလေးသည်ဆံပင်ကေကိုရွှိုင်းနေစဉ်ဟိန်းသူဆီမှဖုန်းဝင်လာသည်။

"ဟယ်လို"

"ညီ အစ်ကိုရောက်ပြီ"

"လာပြီ လာပြီ ၊ ခဏပဲစောင့်"

ဟိဏ်းဆက်သည်အခန်းထဲမှပြေးထွက်လာသည်။မေမေ့ဘေးနားမှဖြတ်ပြေးသွားသည့်ဟိဏ်းဆက်ကိုမေမေကနှာခေါင်းရှုံ့သည်။

"ဟဲ့ ဟဲ့ အမယ်လေး မွှန်ထွန်နေတာပဲ ၊ ရေမွှေးတွေတစ်ပုလင်းလုံးမှောက်ချလာတာလား ၊ ရေမွှေးနဲ့ရေချိုးလာတာလား"

ဟိဏ်းဆက် ရေမွှေးဆွတ်တာနည်းနည်းများသွားလို့မေမေကတောင်ပြောရသည်။

"မဟုတ်ပါဘူးမေမေကလည်း ၊ သားသွားပြီနော် နောက်ကျနေပြီ ၊ တာ့တာ"

"ဟဲ့ နေဦးလေ ၊ နင့်မကြီးကိုမစောင့်တော့ဘူးလား"

"သူ့သာစောင့်နေရင်သားဒီနေ့ကျောင်းတက်ရမှာကိုမဟုတ်ဘူး ၊ သွားပြီမေမေ"

"အေးအေး"

ဟိဏ်းဆက်သည်တိုက်ခန်းပေါ်မှအမြန်ပြေးဆင်းလာပြီးလမ်ူထပ်သို့ပြေးလာသည်။

"အစ်ကို! ကျွန်တော်နည်းနည်းကြာသွားတယ် ဆောရီး ၊  အပေါက်ဝရောက်မှမေမေကပွားနေလို့"

"ရပါတယ် ကိစ္စမရှိပါဘူး"

"အစ်ကို ကျောင်းကဘယ်လိုလုပ်မှာလဲ"

"ကျောင်းကအစ်ကိုထွက်စာမယူရသေးဘူး ၊ အစ်ကိုအဝေးသင်ပြောင်းတော့မှာ ၊ လုပ်ငန်းကအလုပ်တွေကိုအစ်ကိုလွှဲယူရတော့မှာမို့လို့"

"ဟင်!"

ဟိဏ်းဆက်၏မျက်နှာလေးသည်ချက်ချင်းအရောင်မှိန်ကျသွားပြီးဟိန်းသူကိုမော့ကြည့်နေသည်။

"ဘာဖြစ်လို့လဲညီရဲ့"

"ဒါဆိုအစ်ကိုနဲ့နေ့တိုင်းမတွေ့ရတော့ဘူးပေါ့နော်"

"မဟုတ်ပါဘူး ၊ ကိုယ်မနက်တိုင်းလာကြိုမှာပါ ၊ စိတ်မကောင်းမဖြစ်နဲ့ဟုတ်ပြီလား"

ဟိဏ်းဆက်၏ဆံပင်တွေထဲသို့လက်ဖြင့်ထိုးဖွလိုက်ရင်းပြောသည်။

"အင်းပါ ရပါတယ်လေ ၊ အစ်ကိုလာကြိုမယ်ဆိုကျေနပ်တယ်"

"ချစ်ဖို့ကောင်းလိုက်တာညီရာ"

ချစ်ရ​ပါသော"ညီ"Where stories live. Discover now