အပိုင်း - ၁၁

25.6K 2K 34
                                    

Unicode

ဟိန်းသူ၏စကားကြောင့်ဟိဏ်းဆက်ကလေးမျက်လုံးလေးပြူးပြီးဟိန်းသူကိုမော့၍ငေးစိုက်ကြည့်နေမိသည်။

"ညီ ထတော့ လမ်းမကြီးမှာ မကောင်းဘူး ၊ ကားလာရင် သေနေမယ်"

"ဗျာ!!! ဟုတ်ဟုတ်"

"ကိုယ်ကားသွားယူလိုက်ဦးမယ် ဒီကစောင့်နေနော်"

ဟိန်းသူသည်ဟိဏ်းဆက်၏ဆံပင်တွေကိုလက်ဖြင့်ထိုးဖွကာပြုံးပြပြီးထွက်သွားသည်။

"ဟုတ်"

ငါတော့သေတော့မှာပဲ။အသက်တောင်ရှူဖို့မေ့တယ်။

ဟိန်းသူ၏ကားလေးသည်ဟိဏ်းဆက်၏အရှေ့သို့ရောက်လာသည်။ဟိဏ်းဆက်သည်လည်းကားထဲသို့ဝင်လိုက်သည်။

"ညီ!"

"ဗျာ!"

"ဒီနေ့အတွက်ကျေးဇူးပါ"

"မဟုတ်တာ ကျွန်တော်လည်းပျော်ရတာပဲ ၊ ကျွန်တော်ကသာကိုဟိန်းကိုကျေးဇူးတင်ရမှာ"

ဟိန်းသူသည်ပြုံးသည်။ဟိန်းသူပြုံးလိုက်သည့်အခါတိုင်းဟိဏ်းဆက်ငေးကြည့်‌နေမိသည်။ဟိန်းသူသည်ဟိဏ်းဆက်ကိုအိမ်အထိပြန်လိုက်ပို့ပေးခဲ့သည်။ဟိဏ်းဆက်အိမ်သို့လမ်းလျှောက်သွားသည်ကိုဟိန်းသူမျက်စိတဆုံးလိုက်ကြည့်နေသည်။

နှုတ်ဆက်ခဲ့ပါတယ်ညီ။

ဟိဏ်းဆက်ကိုလိုက်ပို့ပြီးသည့်အခါမေမေ့ရုံးအရှေ့ကိုသွားခဲ့ပါသေးသည်။မေမေသည်ယောကျာ်းတစ်ယောက်နဲ့ပျော်ရွှင်စွာထွက်လာသည်ကိုဟိန်းသူတွေ့လိုက်ရသည်။မေမေပျော်နေသည်ကိုဟိန်းသူသည်လည်းပြုံးပြီးလိုက်ကြည့်နေမိသည်။
ဟိန်းသူသည်မေမေ့ရဲ့ကားအနောက်မှလိုက်ခဲ့မိသည်။အိမ်ကြီးတစ်အိမ်ထဲကိုကားဝင်သွားသည်ကိုတွေ့လိုက်ရသည်။

ဒါမေမေနေတဲ့အိမ်ပေါ့။မေမေ့သမီးလေးဆိုတာကကျွန်တော့်ညီမလေးပဲပေါ့။သားလည်းညီမလေးလိုမေမေ့အနားမှာနေချင်တယ်မေမေရယ်။

မေမေအိမ်ထဲသို့ဝင်သွားသည်အထိဟိန်းသူလိုက်ကြည့်နေမိသည်။မေမေ့ရင်ခွင်ထဲမှာသူနေချင်သည်။မေမေ့ရဲ့အချစ်တွေကိုသူခံစားချင်သည်။သို့ပေမဲ့ကံတရားသည်သူ့ကိုအခုလိုပျော်ရွှင်ရန်ခွင့်ပြုချက်မပေးခဲ့ပါ။

ချစ်ရ​ပါသော"ညီ"Where stories live. Discover now