အပိုင်း - ၁၇

24.9K 1.7K 64
                                    

Unicode

သီတင်းကျွတ်ကာလတွင်ခရီးသွားရန် ဖေဖေနဲ့မေမေကခွင့်ပြုလိုက်သည့်အတွက် ခရီးသွားရန် အထုပ်အပိုးများပြင်ဆင်နေရသည်ကြောင့် ဟိဏ်းဆက်အလုပ်ရှုပ်နေသည်။

"ဒါလေးကဒီထဲမှာနေ၊ ဒါလေးကဒီကိုလာ၊ ဪ ရေမွှေး ရေမွှေး"

ဟိဏ်းဆက်အလုပ်ရှုပ်နေသည့်အချိန် အခန်းတံခါးခေါက်သံကိုကြားလိုက်ရသည်။

"ညီ! အစ်ကိုပါ"

"အစ်ကို!"

ဟိန်းသူ အခန်းထဲသို့ဝင်လာသည်နှင့် အစဉ်အလာမပြတ်ပြေးဖက်သေးသည်။

"ကိုယ်ကတော့လွမ်းနေရတော့မှာပဲ"

"အစ်ကိုကလည်း ညတိုင်းဖုန်းပြောမယ်လေ၊ သုံးရက်တည်းလေ"

"ဟုတ်ပါပြီ၊ အစ်ကိုဘာလုပ်ပေးရဦးမလဲ"

"ဘာမှလုပ်စရာတော့မရှိတော့ဘူး၊ အဝတ်တွေထည့်ပြီးရင်ရပြီ"

"ကိုယ်ဒီညဒီမှာအိပ်မယ် ရတယ်မလား"

"ဗျာ! ဒီမှာအိပ်မယ်"

"အင်း မရဘူးလား"

"ရပါတယ်၊ ညီကစိတ်သိပ်မခိုင်လို့"

"စွာတေးလေးဘာတွေတွေးနေပြန်တာလဲ"

"မဟုတ်ပါဘူး၊ ဘာမှမတွေးပါဘူး၊ အဝတ်တွေလာထည့်ပေးဦး"

"အင်းပါ"

ဟိဏ်းဆက်သည် ကြမ်းပြင်ပေါ်မှာထိုင်ချလိုက်ပြီး အဝတ်တွေထည့်နေသည်။ ခုဏကကူညီပေးမယ်ဆိုသည့်ဟိန်းသူသည် မေးထောက်ပြီးဟိဏ်းဆက်ကိုသာတစိမ့်စိမ့်ထိုင်ကြည့်နေသည်။

"အစ်ကို အဲ့လောက်မကြည့်နဲ့လေ၊ နေတောင်မနေတတ်တော့ဘူး"

"သုံးရက်စာပေါင်းကြည့်ထားတာလေ"

"ဟာဗျာ အစ်ကိုကပေါက်ပေါက်ရှာရှာလည်းပြောတတ်တာပဲ"

"ညီနဲ့တွေ့မှပြောတတ်တာ"

"အကိုဗျာ တော်တော့၊ အသည်းယားလာပြီ"

"ညီပြန်လာရင် ကိုယ့်အတွက်လက်ဆောင်ဝယ်မလာနဲ့နော်"

"ဘာလို့လဲ"

"ညီပြန်ရောက်လာတာ ညီကကိုယ့်အတွက်လက်ဆောင်ပဲ"

ချစ်ရ​ပါသော"ညီ"Where stories live. Discover now