ဇာတ်သိမ်းပိုင်း

41.9K 2.2K 186
                                    

ဒေါ်လဲ့ကြည်အိမ်သို့ပြန်ရောက်လာသည့်အခါ ဧည့်ခန်းထဲတွင် ငူငူငိုင်ငိုင်နဲ့ထိုင်နေသည်။ သူမ၏စိတ်သည် ဟိန်းသူကိုမွေးဖွားခဲ့စဥ်ကအချိန်ကာလသို့ပြန်ရောက်သွားသည်။

"လဲ့ အားတင်းထားနော် ... မွေးတော့မှာ ... နည်းနည်းလေးပဲ"

သူမနာကျင်မှုတွေကိုအံ့ကြိတ်ခံကာ သားဦးကလေးကိုအသက်နဲ့လောင်းကြေးထပ်ရင်း မွေးဖွားခဲ့ရသည်။ သူမဝမ်းမှကျွတ်လာသည့် သားငယ်ရဲ့ငိုသံက အခန်းတစ်ခန်းလုံးမှာ ဟိန်းနေခဲ့သည်။ သားငယ်မွေးတုန်းက သားရဲ့မျက်နှာလေးကို သူမတစ်ချက်တောင်မကြည့်ခဲ့ပါ။ ငယ်စဥ်ကတည်းက သားကသာ သူမ၏မျက်နှာကိုမော့ကြည့်ခဲ့ခြင်းသာဖြစ်သည်။

ငါမှားသွားခဲ့ပြီ ... ငါအကြီးကြီးကိုမှားသွားခဲ့ပြီ

သူမအမှန်တရားကိုမြင်ခဲ့သည့်အချိန် သူမ၏ခြေလှမ်းများသည် .....

"အစ်ကို ... အန်တီလာတယ်"

"အန်တီ ... ဘယ်ကအန်တီလဲ"

ဟိဏ်းဆက်၏အနောက်မှဝင်လာသောအမျိုးသမီးကို ဟိန်းသူမြင်လိုက်ရသည့်အချိန်တွင် အရမ်းအံ့သြသွားသည်။ မီးဖိုချောင်ထဲတွင်ရှိနေသော မြိုင်သည်လည်း မာမီလာသည်ကိုသိလိုက်တော့ တိတ်တိတ်ကလေးနေလိုက်သည်။

"မေမေ!"

"အံ့ဩသွားလား"

ဒေါ်လဲ့ကြည်ကဟိန်းသူကိုပြုံးပြရင်း ပြောလိုက်သည်။

"အန်တီ ဘာသောက်မလဲဟင်"

ဟိဏ်းဆက်၏အမေးကို သူမကခေါင်းခါရမ်းပြပြီး ငြင်းလိုက်သည်။

"ဘာမှလုပ်မနေပါနဲ့တော့၊ လာ ... ထိုင်ပါဦး ... သားတို့နှစ်ယောက်ကိုပြောစရာရှိလို့"

ဟိဏ်းဆက်လည်းဟိန်းသူဘေးတွင်ဝင်ထိုင်လိုက်သည်။

"ဘယ်ကနေစပြောရမှန်းတောင်မသိတော့ဘူး"

သူမကိုသေချာလေးလိုက်ကြည့်နေသည့်ဟိန်းသူကိုမြင်တော့ သူမရင်ထဲ ပိုပြီးနာကျင်လာသည်။ တစ်ချိန်လုံးသူမကိုပဲလိုက်ကြည့်နေတဲ့ကလေး။ ငယ်စဥ်ဘဝကတည်းကသူမကိုပဲလိုက်ကြည့်နေတတ်တဲ့အကျင့်လေးက အခုထက်ထိမပျောက်သေးဘူး။

ချစ်ရ​ပါသော"ညီ"Where stories live. Discover now