|| SILENT ||

2.9K 361 54
                                    


《 2 》

" ညက အိမ်ပြာတော်ကိုပြန်ပို့ဖို့ပြောခဲ့တယ်မလား "

ကျယ်ဝန်းတဲ့ခန်းမထဲက
ခုံတန်းရှည်တစ်ခုရဲ့ ထိပ်ဆုံးမှာထိုင်နေတဲ့
လူကြီးမင်းဟာ မနက်စာကိုဖြေးဖြေးချင်းစားနေရင်း
ကျွန်တော့်ကိုမေးလာသည် ။

ပုံမှန်ထက်ပိုအောက်ကျို့တဲ့အနေအထားနဲ့
ခေါင်းငုံ့ထားပြီး သူ့ဘေးမှာကျွန်တော်ရပ်နေမိတယ် ။

" ဟုတ်ကဲ့. ဒါပေမယ့် ဘတ်ခ်ဟျွန်းက
သူ့အိမ်ဘဲပြန်မယ်ဆိုလို့ပါ "

ကျွန်တော်အဖြေကို
လူကြီးမင်းက ခေါင်းတညိမ့်ညိမ့်နဲ့
နားထောင်ပေးပါရဲ့ ။

တစ်ဦးတည်းသော သားအကြောင်း
သူလည်းသိလောက်ပါတယ် ။

" မင်းဘယ်သူ့ဆီမှာအလုပ်လုပ်တာလဲ "

" ကျွန်တော်သမ္မတကြီးဆီမှာ အလုပ်လုပ်တဲ့
ဘတ်ခ်ဟျွန်းရဲ့သက်တော်စောင့်ပါ "

အခု ကျွန်တော့်ရှေ့မှာရှိနေသူက
တောင်ကိုရီးယားနိုင်ငံရဲ့သမ္မတ ဗြောင်ထယ်အင်း။
တစ်နည်းအားဖြင့် ဘတ်ခ်ဟျွန်းရဲ့အဖေပေါ့လေ ။

အပြင်ပန်းကြည့်ရင် မောက်မာတယ်လို့ထင်ရပေမယ့်
တကယ်တမ်းတော့ လူတိုင်းနဲ့အဆင်ပြေအောင်
နေတတ်တဲ့သူ ။

ဒါကြောင့်လည်း သူ့လက်ထက်ကျမှ
ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံတကာဆက်ဆံမှုတွေ
တိုးတက်လာခဲ့တာ ။

" မဆိုးဘူး.. မင်းအဖြေကသဘောကျချင်စရာတော့
ကောင်းသား "

" ဒီရက်ပိုင်းအတွင်း နှစ်ကုန်ခါနီးမို့
ငါအလုပ်များတယ်. မင်းကဘဲ ဘတ်ခ်ဟျွန်းကို
ကြည့်ထားပေး "

" ဟုတ်ကဲ့ "

အိမ်ကြီးထဲက နေရာတိုင်းမှာရှိနေတဲ့
အစောင့်တွေက မတ်တပ်ထရပ်လိုက်တဲ့
လူကြီးမင်းကို အားလုံးအရိုသေပြုကြသည် ။

ဗြောင်ထယ်အင်းကစည်းကမ်းကြီးတယ် ။
ဒါမဲ့ ဘတ်ခ်ဟျွန်းနဲ့ပတ်သတ်လာရင်တော့
အရမ်းအလိုလိုက်တာ ။

ငယ်ငယ်တည်းက မိခင်မေတ္တာဆုံးရှုံးခဲ့ရတဲ့
ဘတ်ခ်ဟျွန်းအတွက် အဖေလိုတစ်မျိုးအမေလိုတစ်မျိုး အကောင်းဆုံးဖြစ်အောင်နေပေးတယ်ဆိုလည်း မမှားဘူး ။

✔《SILENT》✔Where stories live. Discover now