|| SILENT || [FINAL]

3.1K 316 89
                                    

ဖြေးဖြေးချင်းဘဲဖတ်ပါ
အဆုံးသတ်က သင့်ကိုစောင့်ကြိုနေပါလိမ့်မယ်

____________________________

အကြိမ်ပေါင်းများစွာသော
ကယ်တင်ခြင်းတွေထက်
တစ်ကြိမ်တည်းသော ပေးဆပ်ခြင်းက ပိုမြတ်ခဲ့မယ်ဆိုပါလျှင် ~

_____________________________

《 19 》


လမ်းတစ်လျှောက် ဖြောင့်ဖြောင့်တန်းတန်း
သွားနေရင်းက ဘေးလမ်းကြားတစ်ခုထဲ ချိုးဝင်လိုက်တော့ အနောက်ကလိုက်ဝင်လာသည့်ထိုလူ။

လွန်ခဲ့သည့် ဆယ်မိနစ်လောက်တည်းက
သူ ကျွန်တော့်နောက်လိုက်နေခြင်းပင် ။
သူလိုက်အောင်လည်း ကျွန်တော်ကတမင် မျှားခေါ်ခဲ့သည်ကိုး ။

ချန်းယောလ်စကားအရ အမတ်လောင်းဟွမ်
ကနေဒါမှာ လူလွတ်ပြီးကျွန်တော့်ကို စုံစမ်းခိုင်းထားသည်တဲ့ ။
ငါးနှစ်အတိ အပြစ်ခံယူပေးပြီးပြီဘဲ ။
ဒါကို သူတို့ဘက်က မကျေနပ်နိုင်သေးတာ ။

ကံကောင်းချင်တော့ ကျွန်တော်ဝင်သွားသည့်
လမ်းကြားက လူရှင်းသည့်တစ်ဖက်ပိတ်လမ်းတစ်ခု။
မနေ့တစ်နေ့ကမှ ကနေဒါကိုရောက်တာမို့
ဘယ်ကဘာဆိုတာ ကျွန်တော်တစ်ခုမျှမသိပေ။
အနောက်ကလူကို အကဲခတ်ရင်း
ခြေဦးတည့်ရာ လျှောက်သွားနေခြင်းသက်သက် ။

" ဘာလိုချင်တာလဲ "

အနောက်ကိုလှည့်ကြည့်ပြီး
ထိုလူနှင့်မျက်နှာချင်းဆိုင် မေးလိုက်တော့
သူက ကြိုသိထားသလိုပုံစံနှင့် ကျွန်တော့်ကိုပြန်မော့ကြည့်လာ၏ ။

ခပ်နွမ်းနွမ်းဂျာကင်တစ်ထည်နဲ့ ထိုလူသည်ကား
ကနေဒါနိုင်ငံသားမဟုတ်သည်မှာ သေချာသည်။
အနည်းငယ် ရင်းနှီးသလိုခံစားရသည်မို့ ။

" ဆယ်မိနစ် "

" ဘာအတွက်လဲ "

" မင်းလိုက်ခဲ့ရင်သိလိမ့်မယ် "

ပတ်ဝန်းကျင်ကိုမသိမသာ အကဲခတ်ရင်း
ဆောင်းထားသည့် capဦးထုပ်ကို မျက်နှာလုံအောင် ဆွဲအုပ်နေသည့်လူက ကိုရီးယားစကားကို
ပီသစွာပြောနိုင်၏ ။

✔《SILENT》✔Where stories live. Discover now