|| SILENT ||

1.7K 281 150
                                    


*Some rude words.
A little long part and advice to read
just slowly.. *


《 14 》


အပြာရောင်လင်းတဲ့ကောင်းကင်မှာ
တိမ်ဖြူဖြူတွေက ဟိုတစ်ကွက်ဒီတစ်ကွက်
ရွေ့လျားနေတယ် ။

ခြံဝင်းထဲက ပန်းဥယျာဉ်ငယ်ကို
ဖြတ်သန်းတိုက်ခတ်လာတဲ့ လေအေးအေးမှာ
ကျွန်တော်စနစ်တကျစိုက်ပျိုးခဲ့တဲ့ အနီရောင်ကျူးလစ်ပန်းတွေရဲ့ ရနံ့တွေကပ်ငြိပါလာကြရဲ့ ။

ိထိုနေ့ ။
ခဏဆိုပြီး ထွက်သွားတဲ့သူ ။
နှစ်ရက်ကြာတဲ့အထိ ကျွန်တော့်ရှေ့ပြန်မရောက်လာသေးဘူး။

ဒီနေ့အတွက် ၂၄နာရီကုန်ဆုံးပြီးလို့
နောက်နေ့မနက်ရောက်ရင် ကျွန်တော့်ကို
စောင့်ကြိုနေတဲ့ တစ်ချို့အရာတွေရှိတယ် ။

ဘယ်လောင်းကစားရဲ့ အရှုံးကကြေးအကြီးဆုံးလဲလို့မေးချင်မိပေမယ့်
သေချာတာကတော့ Appaနဲ့လောင်းကြေးထပ်ခဲ့တဲ့ ကစားပွဲမှာ ကျွန်တော်ကတစ်ဘဝလုံးရှုံးခဲ့တယ်ဆိုတာပါဘဲ ။

ဟက်* အတိတ်နေ့တွေထဲမှာ ကျန်ခဲ့တဲ့
အပြုံးနုနုတွေကြား ဆက်ပြီးနစ်မွန်းခံရင်းပေါ့ ။

" ဘတ်ခ်..ဟျွန်း~ "

တိုးလျလျခေါ်သံတစ်ခုနဲ့အတူ
အခန်းဝင်လာတဲ့ ချန်းယောလ်က ပြတင်းပေါက်ကိုမျက်နှာမူလျက် ထိုင်နေတဲ့ကျွန်တော့်ကိုမြင်တော့ မသိမသာအံကြိတ်တယ်။

သူဒေါသထွက်နေတာ ကျွန်တော်နားလည်ပါတယ်။

" လေတိုက်ရင်ပါသွားမယ့် ခန္ဓာကိုယ်နဲ့
အဲ့နားမှာဘာထိုင်လုပ်နေတာလဲ "

" ....~ နောက်ထပ်ငါ့ဆီမလာတော့ဖို့
မင်းကိုပြောထားတယ်လေ "

စကားလုံးဝနားမထောင်တဲ့ ချန်းယောလ်က
အခုထိအမှတ်မရှိ အိမ်ကိုမနက်စာလာပို့တုန်း ။
နေ့လည်စာ လာပြင်ပေးတုန်း ။

နိုင်ငံရေးတွေကြားရှုပ်ယှက်ခတ်နေမယ့်
Appaကတော့ အသက်ရှင်နေကြောင်းသိရရင်
လုံလောက်ပြီဆိုတာမျိုး ။

✔《SILENT》✔Where stories live. Discover now