|| SILENT ||

1.8K 269 76
                                    


တစ်စုံတစ်ယောက်အားကယ်တင်၍

တစ်စုံတစ်ယောက်အားစတေးခဲ့သည် ။


___________________

《 15 》

လူကြီးမင်းနှင့်အတူ တရားရုံးသို့ရောက်သည်မှာ ဒီတစ်ကြိမ်နှင့်ဆို ချန်းယောလ်အတွက် စတုတ္ထအကြိမ်မြောက် ။

တောင်ကိုရီးယားနိုင်ငံရဲ့သမ္မတဖြစ်သော်ညား
သားတစ်ယောက်အတွက်ဖခင်တစ်ယောက်အနေနဲ့
အမှုရင်ဆိုင်ရသည်မှာ လေးကြိမ်မြောက်ရှိပေပြီ။
သိသာစေသည်က လူကြီးမင်း၏မျက်နှာအမူအယာ
မကောင်းခြင်း ။

မည်သည်ကိုမှဂရုမစိုက်သည့်မီဒီယာသမားတွေအဖို့
အုံခဲနေသည့် လူအုပ်ကြားလည်းတိုးကြသည်။
ဘယ်လောက်တောင်များသလဲဆို လုံခြုံရေးတွေ
တားနေသည့်တိုင် လူပိ၍ဒဏ်ရာရသူအမြဲ ။

ပြဿနာပေါင်းများစွာ
အမှုပေါင်းများစွာ
စွဲချက်ပေါင်းများစွာဖြင့်..
ယောက်ယက်ခတ်နေသည့်အချိန်တွင်
ဆိုးရွားသည်က ကာယကံရှင်
ဗြောင်ဘတ်ခ်ဟျွန်း သတိမရသေးတာပင်။
တစ်နည်းတွေးရင် သူသတိမရသေးတာ
တော်သေးသည်ဘဲဆိုရမလား ။

ဘတ်ခ်ဟျွန်းသာရှိလျှင် လက်ရှိပုံစံကို
ခံနိုင်ရည်ရှိနိုင်မှာမဟုတ်တာ လူကြီးမင်းနှင့်ချန်းယောလ်သိသည့် အမှန်တရားဖြစ်၏။

ဘတ်ခ်ဟျွန်းကို အရေးပေါ်အခြေအနေနဲ့ ဆေးရုံတင်ထားရပြီး ဟွမ်ဂျယ်ယောင်း၏ပြစ်မှု အမှန်ကို ဖော်ထုတ်ခွင့်မရသေးပေ။ အိမ်ပြာတော်မှာ
ခေါ်ထားချင်ပေမယ့် မပြီးပြတ်သေးတဲ့အမှုတွေကြောင့် တာဝန်ရှိသူတွေ
လွတ်လပ်စွာဝင်ထွက်သွားလာနိုင်တဲ့ အစိုးရဆေးရုံမှာထားဖို့ အမိန့်ချထားခြင်း ။ သို့သော်ညား လုံခြုံရေးကတော့တင်းကြပ်သည်။

ပြဿနာတွေဖြစ်ပြီးတစ်ရက်အကြာ
မီဒီယာတွေရဲ့ကောင်းမှုဖြင့် တစ်နိုင်ငံလုံး
ဂယက်ရိုက်သွားစေသည့် သတင်းခေါင်းစဉ်က
သိပ်တော့ ကြားလို့မကောင်း ။

ရှုပ်ထွေးလွန်းသည့် အမှုတွေကြား
အခုထိတိုင် တိတိကျကျဆုံးဖြတ်ချက်မကျသေးတာ
အမတ်လောင်းဟွမ်ရဲ့ စွဲချက်တစ်ချို့ကြောင့်လည်း
ပါသည် ။

✔《SILENT》✔Where stories live. Discover now