|| SILENT ||

1.9K 285 85
                                    


~ပထမဦးဆုံးသော~


《 18 》

" ကနေဒါရဲ့နှုတ်ဆက်နည်းအသစ်က
ဒါမျိုးလား "

ထိုလူသား၏ နှုတ်ခမ်းတို့က
အနည်းငယ်ကွေးညွတ်နေသယောင်ပေါ်သည် ။

သူ့ဘယ်ဘက်ပါးပြင်ပေါ်မှာ ကတ်မုန့်ခရင်မ်တစ်ပုံက
ကျွန်တော့်ကြောင့်နဲ့ အသေအချာနေရာယူထားသလို
လေထဲ၌ရပ်တန့်နေသည့် ကျွန်တော့်လက်ဖဝါး။

ဘယ်လိုဆန်းကြယ်မှုတွေသည်
ကျွန်တော့်ထံရောက်ရှိလာပါသနည်း ။

" ဒါမှမဟုတ်.. ဆော့လို့မဝသေးတာလား "

" ...ဟင်*.. ဖြေပါဦး "

ကလေးတစ်ယောက်ကိုမေးနေသည့်နှယ်
သူ့ပုံက ရိသဲ့သဲ့နိုင်လွန်းလှ၏ ။
သို့သော်ညား ဝေးကွာနေသည့်ငါးနှစ်အတွင်း
သူပိုကြည့်ကောင်းလာတာကိုတော့
ကျွန်တော်ဝန်ခံရပေမည်။

မျက်နှာပေါ်က အစိတ်အပိုင်းတစ်ခုစီကို
ငေးကြည့်နေမိတဲ့ကျွန်တော့်ကို သူကကြည့်ကာ
ပြုံး၏ ။ ထိုအပြုံး၌ မရေတွက်နိုင်တဲ့ ခန့်ညားခြင်းတို့ပါဝင်သည် ။

နေဦး ။
ဒါအိမ်မက်မဖြစ်နိုင်ဘူးလား ..။

ယောက်ယက်ခတ်နေတဲ့ ကျွန်တော့်အတွေးတွေအတွက် တိကျတဲ့အဖြေပေးလိုက်သူက သူ ။
ဆယ်ဟွန်း.. ။ အိုဆယ်ဟွန်း ။

ပုခုံးသားပေါ်ရောက်ရှိလာတဲ့ သူ့လက်တစ်စုံရဲ့
ပွေ့ပိုက်ခြင်းအဆုံးမှာ ကျွန်တော်ကသူ့ရင်ခွင်နဲ့
မျက်နှာချင်းဆိုင်နေခဲ့ပြီ ။

ကိုယ်သင်းနံ့သင်းသင်းကို ရလိုက်တဲ့အခါ
ကျွန်တော် ကမ္ဘာကြီးနဲ့ခဏလောက်
အဆက်သွယ်ပြတ်သွားသည် ထင်၏ ။

" ဘာလို့အရောင်ပြောင်းလိုက်တာလဲ "

" .... "

" ကျွန်တော်က ကော်ဖီရောင်ဆံနွယ်တွေကို
ပိုချစ်တာ "

သူ့မျက်နှာက ကျွန်တော့်ဆံပင်တွေကြား
တိုးဝင်လာသည် ။

အတိုင်းအဆမရှိကျယ်လောင်နေသော
သူ့နှလုံးခုန်နှုန်းကိုကျွန်တော်ကြားနေရသလို
ကျွန်တော့်ရဲ့ရင်ခုန်သံကိုလည်း အတိုင်းသားကြားနေရသည် ။

✔《SILENT》✔Where stories live. Discover now